ခက်ခဲဆန်းသစ်တဲ့ ပုလင်းပန်းချီပညာရှင် ညီအစ်မ နှစ်ဦး

16 March 2016
ခက်ခဲဆန်းသစ်တဲ့ ပုလင်းပန်းချီပညာရှင် ညီအစ်မ နှစ်ဦး

ပုလင်းထိပ်ဝသေးသေးလေးတွေကို စုတ်တံသွင်းပြီး ပန်းချီရေးဆွဲရတာ ဘယ်လောက် ခက်ခဲမလဲ ခန့်မှန်းမိကြမှာပါ။ ဒီလိုပုလင်းပန်းချီ ရေးဆွဲနေကြတဲ့  မန္တလေးမြို့က ပုလင်းပန်းချီ အနုပညာရှင် ညီအစ်မ နှစ်ဦးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ မသီတာညိုလေးနဲ့ မနီလာညိုလေးတို့ဖြစ်ကြပါတယ်။  သူတို့ ပုလင်းပန်းချီပညာ ဘယ်လို သင်ယူခဲ့ကြရတယ် သူတို့ဘ၀ တစေ့တစောင်းကို မသီတာညိုလေးက အခုလို စတင်ရှင်းပြပါတယ်။

မြန်မာပြည်က စာရေးဆရာမကြီး ဒေါ်စောမွန်မြင့်ဟာ တရုတ်ပြည်ကို လေ့လာရေး ခရီးသွားတယ်။ အဲအချိန်မှာ သူက ဒီအနုပညာပြတိုက်မှာ ပုလင်းပန်းချီကို စတင်တွေ့ရှိခဲ့တယ်။   တွေ့ရှိတဲ့အခါမှာသူက မြန်မာပြည်မှာလည်း ဒီလိုပညာရှင်တွေ ပေါ်ပေါက်လာရင် ကောင်းမှာပဲ ဆိုပြီးတော့ သူက ၁၉၆၃ ခုနှစ် ဧပြီလထုတ် ယဉ်ကျေးမှု မဂ္ဂဇင်းမှာ ဆောင်းပါးလေး ရေးခဲ့တယ်။ အဲဆောင်းပါးလေးကို ကျွန်တော်တို့ အဖေက ဖတ်ပြီးတော့ သူက ဒီပုလင်းပန်းချီကို တီထွင်ဖို့အတွက် ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့ရတာလည်း သူက နှစ်ပေါင်း ၂၀ လောက် ကြိုးစားခဲ့ရတယ်။

၁၉၈၅ခုနှစ်လောက်မှာ သူအောင်မြင်ခဲ့တယ်ပေါ့နော်။ ဒီတရုတ်ပန်းချီဆရာကြီးတွေက သမီးမိန်းကလေးတွေကို မသင်ပေးဘူး။ သူတို့က လှို့ဝှက်ချက်ထားတယ်။ ဒီပညာကို ပြန့်ပွားသွားမှာစိုးလို့ သားယောက်ျားလေးတွေကိုပဲ သင်ပေးတယ်။ မိန်းကလေးတွေဆိုရင် တိုင်းတပါးသားနဲ့ အိမ်ထောင်ကျရင် ဒီပညာ ပြန့်ပွားမယ်ပေါ့နော်။ အဲတာနဲ့ သူက သင်မပေးဘူး။ မြန်မာပြည်မှာတော့ ကျွန်တော်တို့ အဖေကတော့ ကျွန်တော်တို့ကိုလည်း သင်ပေးတယ်။ တပည့် အကုန်လုံး သင်ပေးတယ်။

အစတုန်းကတော့ နာမည်တပ်ခွင့် မပေးဘူး။ နောက်ကျတော့ လက်ရာတွေ ကိုယ်က ကောင်းလာတယ်။ ကြိုးစားတယ်။ သူ့စိတ်ထဲမှာ ကြိုက်ရင် သမီးနာမည်တပ်လိုက်။ သူ့စိတ်ကြိုက်တွေ့ရင် နီလာညိုလေးပေါ့နော်။ အဲလိုလေး အဖေက တပ်ခွင့်ပေးတာ။ သူ့ရှိတဲ့ အချိန်မှာ ဒါက အဖေ့ပုလင်းပေါ့နော်။ အောက်မှာက သီတာညိုလေး၊ နီလာညိုလေး။ ဝယ်တဲ့သူက ကြိုက်တာဝယ်။ အဲဒီအချိန်တည်းက ကိုယ့်ပုလင်း သူ့ပုလင်း ဘယ်သူ့ပုလင်းဖြစ်ဖြစ် ဝယ်တဲ့သူက သူကြိုက်တဲ့ပုလင်း ရွေးဝယ်တာ။ အဲဒီအချိန်ကတည်းက အဖေကိုယ်တိုင်က သားသမီးတွေကို နာမည်ထိုးခွင့်ပေးလိုက်ပြီဆိုကတည်းက ပုလင်းပန်းချီ ရေးခွင့်ပေးလိုက်ပြီပေါ့နော်။

ငယ်ငယ်လေးကတည ်းက ဝါသနာပါတာပေါ့။ ပုလင်းပန်းချီက ခုချက်ချင်းရေးသလို ခုချက်ချင်းကြီးလည်း မတတ်ဘူးလေ။ ငယ်ငယ်ကတည်းက ပန်းချီဝါသနာပါလို့ ပန်းချီကို အမျိုးမျိုးရေးတယ်။ အဖေနဲ့လည်း အမြဲတမ်း အလုပ်ကူရင်းကနေ တွဲနေတဲ့ အခါကျတော့ သူ့ကို အလုပ်ကူရင်းနဲ့ ကိုယ်က ပညာမျက်စိရှေ့မှာ သင်နေတဲ့ အခါကျတော့ အမြင်ကော ပါတာပေါ့။ ကိုယ်က ဝါသနာပါတော့ အဖေက ကိုယ်ရှေ့မှာလုပ်နေတော့ အလုပ်ကူရင်းနဲ့ ငယ်ငယ်ကတည်းကပေါ့နော်။ အဲလိုပန်းချီဆွဲတာကတော့။

ပုလင်းပန်းချီပညာကို တတ်ချင်တယ်ဆိုလို့ ရှိရင် ပုလင်းပန်းချီကို လုံးဝ ချက်ချင်းကြီးလည်း ဆွဲလို့ ချက်ချင်းကြီးလည်း သင်လို့ မရဘူးပေါ့။ အပြင်ပန်းချီကို ကောင်းကောင်းမွန်မွန် တတ်မြောက်မှပေါ့နော်။ နောက်ပန်းချီရဲ့ သဘောထားတွေ အပြင်မှာတော်တော်လေး တတ်မှပေါ့နော်။ အပြင်မှာတော်တော်လေး လက်ရာမြောက်မှလည်း အထဲမှာ လက်ရာမြောက်မယ်။ အပြင်မှာ တအားရေးတတ်ပေမယ့် အထဲမှာ ရေးနည်းပဲ သိမယ်။ ကိုယ်မရေးတတ်လို့ရှိရင် ပုံစံကလည်း မကျဘူးပေါ့နော်။ လက်ရာလည်း မမြောက်ဘူးပေါ့။ နောက် ရေးတဲ့နေရာကျတော့လည်း ပုလင်းပန်းချီရေးတယ်ဆိုတာက စိတ်တည်ငြိမ်မူလည်း ရှိတယ်လေ။ စိတ်အာရုံက ဘေးကို နည်းနည်းပျံ့သွားတာနဲ့ ရေးလို့လဲမရဘူးပေါ့နော်။ စိတ်ဓါတ်လည်း နည်းနည်းတည်ငြိမ်ရမယ်။ အာရုံစိုက်မှုပေါ်မှာလည်း နည်းနည်း တည်ငြိမ်ရမယ်။ ရေးတဲ့အခါကျရင်လည်း ပြီးပြီးရော ရေးလို့မရဘူး။ စိတ်ကူးထဲမှာ ဒါပြီးရင် ဘာရေးရမယ် ဒီမှာစိတ်ကလည်း တည်ငြိမ်နေပြီးတော့မှ အဲလိုလေးရေးလို့မှ အာရုံစူးစိုက်မှုလည်း ရှိမှာပေါ့နော်။

ပုလင်းရေးတဲ့အခါကျရင်လည်း ကိုယ်က ရေးမယ်ဆိုရင် ပုလင်းအဖြူပေါ်မှာ ကိုယ်က ပုလင်းလေးတွေကိုလည်း ရွေးချယ်ရသေးတာ။ မှန်ဘီလူး ခုံးခွက် မပါတာက အစ ပုလင်းလေးက ရေးလို့ အဆင်ပြေမလား။ အဲလိုမျိုးက အစ ရွေးရတယ်။ တကယ်လို့ ကိုယ်ရေးလိုက်တဲ့ ပုလင်းမှာ မှန်ဘီလူးပါလာနေလို့ ရှိရင် ကိုယ့်က မိန်းကလေးပုံ ပြုံးပြုံးလေး ရေးထားတယ်။ မှန်ဘီးလူးကြောင့် အပြင်မှာ မဲ့မဲ့လေး ဖြစ်နေတတ်တယ်။ အများကြီး အကုန်လုံးကို ဂရုစိုက်ပြီးတော့မှ ပုလင်းပန်းချီ တစ်လုံးဖြစ်တာပေါ့နော်။

ပုလင်းပန်းချီပညာကို လူတွေသိဖို့ လက်ခံလာဖို့ အခြားပန်းချီပညာရှင်များကလည်း ဝိုင်းဝန်းကူညီ မြှင့်တင်ပေးခဲ့တာကိုလည်း မသီတာညိုထွေးက အခုလို ရှင်းပြပါတယ်။

ကိုယ်က အဲဒီအချိန်မှာ ကျောက်ဆည်မှာလေ အဖေက နေမကောင်းတဲ့အချိန် အဲဒီတော့ ကျောက်ဆည်မှာ သွားပြီး ဆေးကုပြီးမှာ ပုလင်းပန်းချီကို ရေးတဲ့ အချိန်ဆိုတော့ ကိုယ့်မှာ ဒုက္ခရောက်ခဲ့တာတွေ အခက်အခဲမျိုးစုံရှိတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာ မန္တလေးက အနုပညာရှင်တွေ။ အခုဆုံးသွားပြီ ဆရာကြီး ဦးတိုင်းကျော်ပေါ့။ နောက်မန္တလေးက ပန်းချီဆရာကြီး ဦးဝင်းမောင်၊ အခုကျောက်ဆစ်တန်းက ကျောက်ဆစ်ပန်းချီဆရာကြီး ဦးအောင်မင်း၊ နောက်ပြီးကျတော့ ဆရာဦးကံချွန်တို့ အများကြီးပါပဲ။ အဲလို ပန်းချီဆရာကြီးတွေက နေပြီးမှ အဆက်သွယ်တွေနဲ့ပေါ့နော်။

အစ်မတို့ နေခဲ့တာက ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာမှာ နေခဲ့တာ။ အဲဒီမင်းစုကျေးရွာဆိုတာကလည်း အဲဒီခေတ်တုန်းက လမ်းမကောင်းတော့ ဖုံတစ်ထောင်းထောင်းနဲ့ပေါ့။ အဲဒီအထိကိုလာပြီးတော့ ဒီဆရာတွေက ဆိုင်ကယ်တွေ ကားတွေနဲ့ နေမကောင်းတာကို လာပြီးတော့ မေးတယ်။ မေးပြီးတော့ ဒီပညာကို သူတို့ မြှင့်တင်တာပေါ့နော်။ မန္တလေးကို ဆရာကြီး ရသလောက်ရေးပေးပါပေါ့။ မန္တလေးမှာ သူတို့ အနုပညာနယ်ပယ်ထဲမှာ သူတို့ ပုလင်းပန်းချီဆိုတာ  ပါလာအောင် သူတို့ အမျိုးမျိုး ဝိုင်းဝန်းပြီး ကူညီကြပါတယ်။

ပုလင်းပန်းချီဈေးကွက်က အဲဒီခေတ်ခါတုန်းက ငါးထောင်ဆိုတာ ဆရာဦးဝင်းမောင်ကနေစပြီးတော့မှ ပေးခဲ့တာ။ ဝယ်မယ့်သူကို မရှိဘူး။ မယုံကြည်ကြလို့ တစ်ချို့ကလည်း စတစ်ကာ ကပ်တာလား။ တစ်ချို့ကလည်း မသိဘူး ခွဲကြည့်ကြပေါ့နော်။ အဲလိုဆိုတော့ ကိုယ့်မှာ ဈေးကွက် မဝင်ခဲ့ဘူး။ မဝင်ခဲ့တော့ ဒီဆရာကြီး ဦးဝင်မောင်ကနေပြီးတော့မှ မန္တလေးကို ဒီပညာတွေကို မင်းစုထိအောင်လာပြီး ဒီပညာတွေကို ပုလင်းတွေကို သူကနေပြီးတော့မှ သူကိုယ်တိုင်ဝယ် သူကိုယ်တိုင်ပဲ ပြပွဲတွေ တင်ပေးတယ်။ သူကိုယ်တိုင်မြှင့်တင်ပေးခဲ့တာပေါ့။ မန္တလေးက ပန်းင်္ချီပညာရှင်တွေ အနုပညာရှင်တွေ အကုန်လုံးနဲ့ ဒီမှာ လာပြီးတော့မှ ကူညီမှုနဲ့ပေါ့နော်။

ကျောက်ဆည်မြို့နယ်မှာကြတော့  အဒေါ်ရှိတယ်။ သူရှိတဲ့နေရာကို ပြောင်းသွားတယ်။ ပြောင်းသွားတဲ့အခါကျတော့ အဲဒီအချိန်မှာ အဲဒီရွာက တောင်သူတွေပဲ လုပ်ကြတာလေ။ ကိုယ်ကကြတော့ အနုပညာလုပ်ငန်းနဲ့ လုပ်ကိုင်စားတဲ့သူတွေက အဲဒီနေရာကို ရွေ့သွားတဲ့အခါကြတော့ အနုပညာလုပ်ငန်းမရှိတဲ့ အခါကြတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ အခက်အခဲတွေ အများကြီးရှိတဲ့ကြားထဲကနေ ဒီပညာကို ရေးပြီးတော့ ပုလင်းလေးတွေကို မန္တလေးမှာ လာရောင်း ရောင်းပြီးတော့မှ ကိုယ့်ရဲ့စီးပွားရေးကို အဲလိုပဲ လုပ်ခဲ့ရတာပေါ့နော်။

ဈေးကွက်လေး ရှာပြီးတော့ အဲဒီအချိန်တုန်းက အများကြီးပဲ ဒုက္ခရောက်ခဲ့ပါတယ်။ အခက်ခဲတွေ ဘယ်လောက်ကြီးပဲ ရှိနေနေ ကိုယ့်အဖေရဲ့ သားသမီး ပီသအောင်လို့ပေါ့နော်။ ကိုယ်ကလည်း နဂိုကတည်းက ဝါသနာလည်းပါတယ်။ ကိုယ့်အဖေ ခက်ခက်ခဲခဲနဲ့ ပင်ပင်ပန်းပန်းရှာခဲ့တဲ့ ပညာ ဒီပညာက နိုင်ငံဂုဏ်ကိုလည်း ဆောင်တယ်။ ဒီပညာကိုလည်း အဲတော့ အဖေမရှိတာနဲ့ ဒီပညာပျောက်သွားမှာလည်း စိုးတဲ့အတွက် နောက်ကိုယ်ကလည်း ဝါသနာပါတယ်။ ပါတဲ့အခါကျတော့ ကိုယ်ကလည်း ဒီဟာကို ရေးရမှာ ပျော်တယ်။ ကိုယ်က စီးပွားရေးမကောင်းလို့သာ ဒီပုလင်းလေးတွေကို ရောင်းလိုက်ရပေမယ့် ဒီရောင်းလိုက်ရတဲ့ ပုလင်းတွေက ပုလင်းတစ်လုံးရောင်းလိုက်ရင် ကိုယ့်ရင်ထဲမှာ ခံစားရတယ်ပေါ့နော်။ နှမြောတာပေါ့နော်။ ကိုယ့်လက်ရာလေး ပါသွားတယ်ဆိုတော့ အဲလိုမျိုးလေးတွေလည်း ရှိတယ်။ အဲတော့ ကိုယ်က ဝါသနာလည်းပါတယ်။ နောက်ဒီ ပညာကိုလည်း ပျောက်ပျက်သွားမှာ စိုးရိမ်တယ်ပေါ့နော်။

အဖေမရှိတဲ့အချိန်မှာ ပြပွဲတွေ နောက် သူငယ်ချင်း ပန်းချီဆရာတွေ ဆရာမလေးတွေနဲ့ အကုန်စုပြီးတော့ လက်ရာစုံပြပွဲလေးတွေပေါ့ အရင်တုန်းကလည်း အဲလို လုပ်ခဲ့ဖူးတယ်လေ။ အဲဒီလိုပြပွဲလေးတွေတော့ လုပ်ဖို့ အစီစဉ်ရှိပါတယ်။ အခုတော့ ရေးထားလိုက်ရင်း ကုန်သွားလိုက်ရင်းနဲ့ မနည်းစုစုနေရတယ်။

Mizzima Weekly