တိုက်ခိုက်ခဲ့သည့် တရားမဝင်တရုတ်ငါးဖမ်းသင်္ဘောကို အာဂျင်တီးနားက နစ်မြုပ်ပစ်

တိုက်ခိုက်ခဲ့သည့် တရားမဝင်တရုတ်ငါးဖမ်းသင်္ဘောကို အာဂျင်တီးနားက နစ်မြုပ်ပစ်

ဗျူနိုအေရီးစ်၊ မတ် ၁၆ ။           ။ တောင်အတ္တလန္တိတ်သမုဒ္ဒရာတွင် တရားမဝင်ငါးဖမ်းနေသည့်အတွက် အာဏာပိုင်များက ရပ်တန့်ရန်ကြိုးပမ်းစဉ် တိုက်ခိုက်ခဲ့သော တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းကို အာဂျင်တီးနား ကမ်းရိုးတန်းအစောင့်တပ်က နစ်မြုပ်ပစ်လိုက်သည်ဟု အရာရှိများက မတ် ၁၅က ပြောသည်။

သင်္ဘောပေါ်တွင် ရှိနေခဲ့သူအားလုံးအား မသေစေပဲ ကယ်တင်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။ တိုက်ခိုက်ခဲ့သော သင်္ဘောသည် ကမ်းရိုးတန်းအစောင့်တပ်ကင်းလှည့်ယာဉ်ကို ကိုယ်ထည်ချင်းတိုက်ရန် ကြိုးစားခဲ့ရာ သင်္ဘောနှစ်စင်းလုံးပေါ်မှ လူများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရသဖြင့် ငါးဖမ်းသင်္ဘော၏ အစိတ်အပိုင်းအသီးသီးသို့ ပစ်ခတ်ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်ဟု   ကျေညာချက်တွင် ဖော်ပြခဲ့သည်။

တရုတ်ငါးဖမ်းသင်္ဘော လုယန်ယုံယု ဇီးရိုးဝမ်းဇီးရိုးသည် ပစ်ခတ်ခံရပြီး တဖြည်းဖြည်းစောင်းသွားပုံကို ကမ်းရိုးတန်းအစောင့်တပ်၏ ဝက်ဘ်ဆိုက်ဗီဒီယိုတွင် ပြသခဲ့သည်။ အဆိုပါငါးဖမ်းသင်္ဘောကို ဗျူနိုအေရီးစ်၏ တောင်ဘက် မိုင် ၈၀၀ အကွာ ပူအာတိုမက်ဒ်ရင်၏ ကမ်းလွန်တွင် တနင်္လာနေ့က တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly