မြောက်ကိုရီးယားက အမေရိကန်ကျောင်းသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ချ

မြောက်ကိုရီးယားက အမေရိကန်ကျောင်းသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ချ

ဆိုးလ်၊ မတ် ၁၆ ။         ။ မြောက်ကိုရီးယားသည် ဝါဒဖြန့်ချိသည့် ပစ္စည်းအားခိုးယူသည်ဟု ဝန်ခံခဲ့သည့် အမေရိကန်ကျောင်းသားတစ်ဦးကို နိုင်ငံတော်ကို ဆန့်ကျင်သည့် ပြစ်မှုများအတွက် မတ် ၁၆ က အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ရှင်ဟွာသတင်းအေဂျင်စီက အစီရင်ခံခဲ့သည်။

အမေရိကန်နိုင်ငံ ဗာဂျီနီးယားတက္ကသိုလ်မှ အသက် ၂၁ နှစ်အရွယ် အော့တိုဝါးမ်ဘီးယားအား မြောက်ကိုရီးယားတရားရုံးချုပ်က ယင်းသို့ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရေးရာ ကာလဒေသအဖြစ် ပြုံယမ်းကို အမည်တပ်ကာ ရှင်ဟွာက ဖော်ပြခဲ့သည်။ ယင်းပြစ်ဒဏ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွင် အတည်ပြုထားခြင်း မရှိပေ။

ဝါးမ်ဘီးယားသည် မြောက်ကိုရီးယားမှ ထွက်ခွာရန်ပြင်စဉ် ဇန်နဝါရီ အစောပိုင်းက ဖမ်းဆီးခံရသည်။ ဝါးမ်ဘီးယားသည် ၎င်း၏အဖွဲ့ တည်းခိုနေသော ပြုံယမ်းဟိုတယ်၏ ဝန်ထမ်းများသာဆိုသည့် နေရာမှ နိုင်ငံရေးနှင့် ဆိုင်သည့် နဖူးစီးစာတမ်းတစ်ခုကို ဖယ်ရှားခဲ့ကြောင်း ဝါးမ်ဘီယာက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ဇန်နဝါရီ ၆က နျူကလီးယားစမ်းသပ်မှု၊ နောက်တစ်လအကြာ တာဝေးပစ်ဒုန်းကြည်စမ်းသပ်မှုတို့ကြောင့် အတိမ်းအစောင်းမခံသည့်ကာလတွင် ဝါးမ်ဘီးယားအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ဒီဇင်ဘာလကလည်း အဖျက်အမှောင့်လုပ်ငန်းလုပ်ဆောင်မှုဖြင့် ကိုရီးယား-ကနေဒါ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကိုလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက်ချမှတ်ထားသည်။ ယခင်ကလည်း မြောက်ကိုရီးယားသည် နိုင်ငံခြားသားများကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်။ ၂၀၁၄က မြောက်ကိုရီးယားသည် ထိန်းသိမ်းထားသည့် အမေရိကန် သုံးဦးကို လွှတ်ပေးခဲ့သည်။

ယခင်က မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ဖူးသော နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်သည် မတ် ၁၅ က ကုလဆိုင်ရာမြောက်ကိုရီးယားသံအမတ်ကြီးနှင့် တွေ့ဆုံပြီး ဝါးမ်ဘီးယားအား လွှတ်ပေးရေး ပြောဆိုခဲ့သေးသည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly