တူရကီကလပ်အန်တယ်ယာစပေါသို့ပြောင်းရန် ရော်နယ်ဒင်ဟို သဘောတူညီမှုရရှိ

တူရကီကလပ်အန်တယ်ယာစပေါသို့ပြောင်းရန် ရော်နယ်ဒင်ဟို သဘောတူညီမှုရရှိ

ဇွန် ၃၀၊ အန်တယ်ယာ။ ။ ရော်နယ်ဒင်ဟိုသည် ဘာစီလိုနာအသင်းဖော်ဟောင်း အီတူးနှင့်ပူးပေါင်းရန် တူရကီတန်းတက်ကလပ် အန်တယ်ယာစပေါနှင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။

အန်တယ်ယာစပေါအသင်းဥက္ကဋ္ဌ ဂူတက်ကင်ဂျန်ဆာက အသင်းနှင့် အသက် ၃၅ နှစ်အရွယ်ဘရာဇီးကစားသမားအကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဖြစ်ပြီး ယခုတစ်ပတ်အတွင်စာချုပ်မည်ဟု ပြောသည်။

ရော်နယ်ဒင်ဟိုကလည်း အင်စတာဂရမ်တွင် ရုပ်သံဖိုင်တစ်ခုဖန်တီးခဲ့ပြီး အားလုံးကိုနှုတ်ခွန်းဆက်ကြောင်းနှင့် မကြာမီတွင်တူရကီသို့ ရောက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရော်နယ်ဒင်ဟိုသည် တူရကီကလပ်သို့ပြောင်းရွှေ့မှုအထောက်အကူဖြစ်စေရန် မက္ကဆီကိုကလပ် ကွာရီတာရိုနှင့်စာချုပ်ဖျက်သိမ်းခဲ့သူလည်း ဖြစ်သည်။

အန်တယ်ယာစပေါတွင် ဘာစီလိုနာအသင်းဖော်ဟောင်း ကင်မရွန်းတိုက်စစ်မှူး အီတူးနှင့်ပြန်ဆုံမည်ဖြစ်ပြီး ယင်းကစားသမားနှစ်ဦးသည် ဘာစီလိုနာအသင်းတွင် လာလီဂါနှင့် ကိုပါဒယ်ရေးဖလားရခဲ့သကဲ့သို့  ၂၀၀၆ တွင် ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly