တောင်ကိုရီးယားတွင် မားစ်ကြောင့် တစ်ဦးသေ အသစ်ကူးစက်မှု မရှိ

တောင်ကိုရီးယားတွင် မားစ်ကြောင့် တစ်ဦးသေ အသစ်ကူးစက်မှု မရှိ

အေအက်ဖ်ပီ (ဆိုးလ်)။ ။ ဆော်ဒီအာရေးဘီးယား ပြင်ပတွင် မားစ်ရောဂါ အကြီးမားဆုံး ဖစ်ပွားနေသော
တောင်ကိုရီးယားတွင် ကူးစက်မှု အသစ်မဖြစ်ပွားသည်မှာ သုံးရက်ဆက်တိုက်ရှိနေပြီ ဖြစ်သော်လည်း မားစ်ကြောင့် လူနာတစ်ဦး သေဆုံးခဲ့သည်ဟု တောင်ကိုရီးယားက ဇွန် ၃၀ တွင် ထုတ်ပြန်ခဲ့သည်။

သေဆုံးသူမှာ အသက် ၈၁ နှစ်အရွယ် အဖွားအို တစ်ဦးဖြစ်ပြီး မေလနောက်ပိုင်းက ရောဂါ ကူးစက်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းအပါအဝင် တောင်ကိုရီးယားတွင် မားစ်ကြောင့်သေဆုံးသူ အရေအတွက်မှာ ၃၃ ဦးအထိ ရှိသွားပြီ ဖြစ်သည်။ ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၈၂ ဦး ဖြစ်သည်။ ကူးစက်ခံရသူ အရေအတွက်မှာ ယေဘုယျအားဖြင့် ဇွန်လလယ်နောက်ပိုင်း လျော့ကျခဲ့သည်။

သို့သော်လည်း ဆိုးလ်ရှိ ဆေးရုံတစ်ရုံတွင် နောက်ဆုံးဖြစ်ထွန်းမှုများကို သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။ ယင်းဆေးရုံတွင် ဇွန် ၂၂က ရောဂါရှာဖွေမတွေ့မီ မားစ်လူနာတစ်ဦးသည် လူထောင်နှင့်ချီ၍ ထိတွေ့မှု ဖြစ်နိုင်သည်။ ဗိုင်းရပ်သယ်ဆောင်သူနှင့် ထိတွေ့ခဲ့ဖွယ်ရှိသော သူများအတွက် ရောဂါပျိုးချိန်မှာ ယခုသီတင်းပတ်တွင် ပြီးဆုံးပြီ ဖြစ်သည်။

ဇွန် ၃၀ နေ့အထိ လူနာ ၁၃ ဦးမှာ စိုးရိမ်ရဆဲ အခြေအနေတွင်သာ ရှိသေးကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် လူနာ ၉၅ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံက ဆင်းသွားပြီဟု လည်းသိရသည်။ သိုသော်လည်း လူ ၂,၆၀၀ ခန့်ကိုမူ အစိုးရ အဆောက်အအုံများ သို့မဟုတ် နေအိမ်များတွင် ရောဂါ ခြေချုပ်ပြုလုပ်ထားရဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly