ဘန်တီကီအသင်းမပြောင်းစေရန် လီဗာပူးလ်အသင်း ပွဲကစားခွင့်ပိုပေးရဖွယ်ရှိ

ဘန်တီကီအသင်းမပြောင်းစေရန် လီဗာပူးလ်အသင်း ပွဲကစားခွင့်ပိုပေးရဖွယ်ရှိ

မတ် ၁၆၊ လီဗာပူးလ်။           ။ လီဗာပူးလ်အသင်းအနေဖြင့် နွေရာသီတွင်ဘန်တီကီ အသင်းပြောင်းရွှေ့သွားခြင်းမရှိစေရန်အတွက် ပြိုင်ပွဲစုံတွင်ပွဲထွက်ခွင့်ပေးရမည့် အရေးနှင့်ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့်နွေရာသီတွင် အက်စတွန်ဗီလာမှ ပေါင် ၃၂ ဒသမ ၅ သန်းဖြင့်ပြောင်းလာပြီး အန်ဖီးလ်တွင်ခြေစွမ်းမပြနိုင်ဖြစ်နေသည့် တစ်ပတ် ပေါင် ၁၂၀, ၀၀၀ တန်တိုက်စစ်မှူးကို စိတ်ဝင်စားနေသည့်အသင်းများတွင် ဝက်စ်ဟမ်းလည်းပါဝင်နေသည်။

သို့သော်မည်သည့်အသင်းကမှ ယင်းတိုက်စစ်မှူး၏လစာအတိုင်းပေးရန် ဆန္ဒမရှိဖြစ်နေသည်။ ဘန်တီကီသည်ပရီးမီးယားလိဂ်တွင်သာ ခြေစွမ်းပြနိုင်ရန်ရည်မှန်းနေရာ ငွေကြေးများစွာသုံးထားသည့် တရုတ်စူပါလိဂ်ကို ငြင်းဆန်ထားသည်။

လီဗာပူးလ်အသင်းအနေဖြင့် အသက် ၂၅ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူးကိုပြောင်းရွှေ့ခွင့်ပြုပါက ကစားသမားဖြစ်သူ၏ လစာတစ်စိတ် တပိုင်းကို ဆက်လက်ပေးချေနေရဖွယ်ရှိသည်။

ဘရန်ဒန်ရော်ဂျာလက်ထက်ကခေါ်ယူခဲ့သည့် ကစားသမားများကိုဆက်လက်ကိုင်တွယ်နေရသည့် နည်းပြဂျာဂင်ကလော့ပ်က ဘန်တီကီကို ယုံကြည်ကြောင်းပြောထားပြီး ယင်းတိုက်စစ်မှူးမှာ အသင်း၏နောက်ဆုံး ၁၆ ပွဲတွင် သုံးပွဲသာပွဲထွက်ကစားထားရသည်။

ဘန်တီကီသည် အလှည့်ကျစနစ်တွင် စတူးရစ်ချ်နှင့် အော်ရီဂီတို့၏နောက်တွင်သာ ဦးစားပေးအဖြစ်သတ်မှတ်ခံနေရသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly