အာဂျင်တီးနားက တရုတ်ငါးခိုးဖမ်းသင်္ဘောအား နှစ်မြုပ်

အာဂျင်တီးနားက တရုတ်ငါးခိုးဖမ်းသင်္ဘောအား နှစ်မြုပ်

ပေကျင်း၊ မတ် ၁၆ ။          ။ အာဂျင်တီးနား ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် တရုတ်သင်္ဘောတစ်စီးအား လိုက်လံကာ နှစ်မြုပ်ပစ်ခဲ့ကြောင်း အာဂျင်တီးနားကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

တရုတ်ငါးဖမ်းသင်္ဘော Lu Yan Yuan Yu 010 က နိုင်ငံတကာရေပိုင်နက်သို့ ခုတ်မောင်းထွက်ပြေးနေ၍ သတိပေးသည့်အနေဖြင့် ပစ်ခတ်လိုက်ရကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သည်။

တရုတ်ငါးဖမ်းသင်္ဘောသို့ ရေဒီယိုဆက်သွယ် သတိပေးမှုကို ဦးဆုံးလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သင်္ဘောပေါ် လိုက်ပါသူအားလုံးအား ကယ်ဆယ်ထားကြောင်းလည်း ဆိုသည်။

အာဂျင်တီးနားရေပိုင်နက်တွင် တရားမဝင်ငါးခိုးဝင်ဖမ်းသည့် ပြဿနာများက မကြာခဏဖြစ်ပွားနေသည်။

ယခုဖြစ်ရပ်သည် မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် အာဂျင်တီးနားဆက်ဆံရေး တိုးတက်ကောင်းမွန်လာစဉ် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

အထက်ပါဖြစ်ရပ်နှင့် ပတ်သက်ပြီး အာဂျင်တီးနားရှိ တရုတ်သံတမန်ကိုယ်စားလှယ်ထံ အကြောင်းကြားပြီးဖြစ်ကြောင်းလည်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly