မတ်လ ၁၄ ရက် ဝါးတန်းဆန်စပါးကုန်စည်ဒိုင်ဈေးဖွင့်ချိန်တွင် ပေါ်ဆန်းဆန်(အသစ်)ဈေး တစ်အိတ်ကို ကျပ် ၅၀၀ မြင့်တက်သွားကြောင်း ဝါးတန်းကုန်စည်ဒိုင်က ဆန်ကုန်သည်များက ပြောဆိုသည်။
ဝါးတန်းကုန်စည်ဒိုင် ဖျာပုံ၊ဒေးဒရဲ၊မြောင်းမြ၊ပုသိမ် နှင့် ရွှေဘိုအစရှိသည့် ဒေသများတွင် ပေါ်ဆန်းဆန်(အသစ်) များ ဝင်ရောက်လာကြသည်။
ပြီးခဲ့သည့် တပတ်အတွင်း ဈေးပိတ်ချိန် ပေါ်ဆန်းဆန်(အသစ်)တစ်အိတ်လျှင် အမြင့်ဆုံး ၄၁၅၀၀ ကျပ်မှ အနိမ့်ဆုံး ၂၈၅၀၀ ကျပ်ရှိခဲ့ပြီး အခုတစ်ပတ်ဈေးဖွင့်ချိန်တွင် အမြင့်ဆုံး ၄၂၀၀၀ ကျပ်မှ အနိမ့်ဆုံး ၂၉၀၀၀ကျပ် ရှိခဲ့ကာ တစ်အိတ်လျှင် ၅၀၀ကျပ် မြင့်တက်သွားကြောင်း ဆန်ကုန်သည်များက အတည်ပြု ပြောဆိုသည်။
ဆန်ကုန်သည်ဦးအောင်ကိုက "ဆန်ဈေးကတက်တယ်ဆိုပေမယ့် အရောင်းအဝယ်ကပုံမှန်ပါပဲ။ လက်ရှိတော့ နွေဆန်အဝင်များတယ်။ဆန်ကြမ်းအဝင်များတယ်။ ဈေးကျနေတယ်’’ ဟုပြောသည်။
ပြည်ပပို့ ဆန်ကြမ်းအမျိုး အစားများ ဖြစ်သည့် ဇီယာ၊ ဧည့်မထနှင့် ငစိန်ဆန်များသည် ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ်ငွေဈေးကျဆင်းမှုများကြောင့် တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ခန့်ကျဆင်းခဲ့ခြင်းဖြစ်သည်။