မြန်မာသမ္မတသစ် ဦးထင်ကျော်ကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ဂုဏ်ပြု

မြန်မာသမ္မတသစ် ဦးထင်ကျော်ကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ဂုဏ်ပြု

မွန်ဘိုင်း၊ မတ်၊ ၁၅ ။        ။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက မြန်မာသမ္မတအသစ်အဖြစ် ယနေ့ရွေးကောက်တင်မြှောက်ခံရသော ဦးထင်ကျော် အတွက် ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခဲ့သည်။

နာရင်ဒြာမိုဒီသည် သူ၏တွစ်တာစာမျက်နှာမှတဆင့် ဦးထင်ကျော်အတွက် ဂုဏ်ယူဝမ်းမြောက်စကားကို ပြောပြခဲ့ခြင်းဖြစ်ပြီး မြန်မာခေါင်းဆောင်သစ်နှင့်လက်တွဲပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား   ကောင်းမွန်သည့်ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားမည်ဟုလည်း နာရင်ဒြာမိုဒီက ပြောကြားထားသည်။

'' မြန်မာသမ္မတအဖြစ် ရွေးကောက်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ် ဦးထင်ကျော်။ အတူတကွလက်တွဲပြီး အိန္ဒိယ - မြန်မာခိုင်မာအားကောင်းတဲ့ဆက်ဆံရေးကို ဖော်ဆောင်သွားပါမယ် '' ဟု နာရင်ဒြာမိုဒီက သူ၏ တွစ်တာလူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကိုတွေ့ရသည်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သည့် နာရင်ဒြာမိုဒီသည် အိန္ဒိယနိုင်ငံ၏ ၁၅ ယောက်မြောက်ဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ မေလမှစတင်ပြီး တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly