ဖေ့ဘွတ်က အာဖရိကတွင် ပထမဆုံး ရုံးချုပ်ဖွင့်လှစ်

ဖေ့ဘွတ်က အာဖရိကတွင် ပထမဆုံး ရုံးချုပ်ဖွင့်လှစ်

(ဂျိုဟန်နစ္စဘတ်)။ ။ ဖေ့ဘွတ် သုံးစွဲသူပေါင်း သန်း ၁၂၀ ကျော်ရှိသည့် အာဖရိကတိုက်တွင် ပထမဆုံးရုံးချုပ်ကို
ဖေ့ဘွတ်ကုမ္ပဏီက ဖွင့်လှစ်လိုက်သည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့တွင် ရုံးသစ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကင်ညာ၊ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိက
ဈေးကွက်ဖွံ့ဖြိုးမှုကို ဦးတည်ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားသည်။

အာဖရိကတွင် လူငါးဦးလျှင် တစ်ဦးနှုန်း အင်တာနက်သုံးစွဲနိုင်ပြီး ၂၀၂၀ ခုနှစ်မကုန်မီ မိုဘိုင်း အင်တာနက် သုံးစွဲနိုင်သူဦးရေ နှစ်ဆနီးပါး မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

အာဖရိကတွင် ဖေ့ဘွတ်သုံးစွဲသူ ၈၀ ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းများဖြင့် သုံးစွဲကြခြင်း ဖြစ်သည်။

"အာဖရိကက နောက်ပိုင်း ဖေ့ဘွတ်သုံးစွဲသူ ဘီလီယံနဲ့ချီရှိလာမယ့် နေရာပဲဖြစ်ပါတယ်” ဟု ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာ ဖေ့ဘွတ်ကုမ္ပဏီဒုတိယဥက္ကဌဖြစ်သူ နီကိုလာမန်ဒယ်ဆွန်ကပြောသည်။

ဖေ့ဘွတ်ကုမ္ပဏီက ဆီနီဂေါ၊ အိုင်ဗရီကို့စ်၊ ဂါနာ၊ တန်ဇန်နီးယား၊ ရဝမ်ဒါ၊ ယုဂန္ဓာ၊ ဇမ်ဘီးယား၊ မိုဇမ်ဘစ်နှင့် အီသီယိုပီးယားနိုင်ငံများတွင် ဖေ့ဘွတ်သုံးစွဲမှုများကို မြှင့်တင်သွားရန် ရည်မှန်းထားသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly