ရန်ကုန်စတော့အိပ်ချိန် စျေးကွက်စဖွင့်သည့်နေ့တွင် FMI အစုရှယ်ယာရောင်းဝယ်ခြင်းစတင်မည်

ရန်ကုန်စတော့အိပ်ချိန် စျေးကွက်စဖွင့်သည့်နေ့တွင် FMI အစုရှယ်ယာရောင်းဝယ်ခြင်းစတင်မည်
Yangon Stock Exange ရုံးဖွင့်ပွဲအခန်းအနားအား ရန်ကုန်မြို့ဆူးလေးလမ်းမနှင့် ကုန်သည်လမ်းထောင့်တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းရန်ကုန်စတော့အိပ်ချိန်းရုံးတွင်   ပြုလုပ်နေသည့်မြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-သက်ကို (မဇ္စျိမ)

ရန်ကုန်၊ မတ် ၁၅ ။          ။ FMI အနေဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင် အစုရှယ်ယာများကို စာရင်းတင်သွင်းရန်အတည်ပြုချက်ရရှိပြီး ဖြစ်သဖြင့် ဈေးကွက်စတင်ဖွင့်လှစ်မည့် မတ် ၂၅ရက်နေ့တွင် အစုရှယ်ယာရောင်းဝယ်ခြင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FMI၏ထုတ်ပြန်ချက်အရသိရသည်။

လိုင်စင်ရချေးငွေသက်သေခံလက်မှတ် ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုတွင် စာရင်းဖွင့်လှစ်ပြီးဖြစ်သည့် အစုရှယ်ယာဝင်များသည် ဈေးကွက်ဖွင့်ချိန်တွင် ၎င်းတို့၏ အစုရှယ်ယာများကို စတင်ရောင်းဝယ်နိုင် မည်ဖြစ်ကြောင်း၊ ငွေချေးသက်သေခံလက်မှတ်စရင်းမဖွင့်လှစ်ရသေးသည့် အစုရှယ်ယာဝင်များအနေဖြင့်  အစုရှယ်ယာလက်မှတ်များရောင်းဝယ်ခြင့်မပြုမီ စာရင်းဖွင့်လှစ်ထားရန်လိုကြောင်း FMI၏ ထုတ်ပြန်ထားသည်။

စာရင်းတင်သွင်းရန် အတည်ပြုချက်ကို ပထမဆုံးရရှိ ကုမ္ပဏီဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း၊ကုမ္ပဏီကို အပေါ်ယုံကြည်ပေးခဲ့သည့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရန်ကုန်စတော့အိပ်ချိန်းကိုကျေးဇူးတင်ကြောင်း FMI ၏အမှုဆောင်ဥက္ကဌ ဦးသိမ်းဝေ(ခ) ဆာ့ချ်ပန်း ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly