လခစားဝန်ထမ်းများအနေဖြင့်ရန်ကုန်မြို့တွင် တိုက်ခန်းပိုင်ဆိုင်နိုင်ရန်ခက်ခဲ

လခစားဝန်ထမ်းများအနေဖြင့်ရန်ကုန်မြို့တွင် တိုက်ခန်းပိုင်ဆိုင်နိုင်ရန်ခက်ခဲ

ရန်ကုန် ၊ မတ် ၁၄ ။             ။ ကုမ္ပဏီဝန်ထမ်း၊ အရောင်းဝန်ထမ်းစတဲ့ ကိုယ်ပိုင်အလုပ်မလုပ်နိုင်တဲ့ ဝန်ထမ်းတွေအပြင် လမ်းဘေးဈေးသည် ကျပန်းလုပ်ကိုင်ကြတဲ့လူတွေ တပိုင်တနိုင်ဈေးဆိုင်လေးတွေ ဆိုတာကရန်ကုန်မြို့မှာဒုနဲ့ဒေးရှိနေတာပါ။

ဒီလိုလူတန်းစားတွေအတွက် အိမ်ယာပိုင်ဆိုင်ဖို့ဆိုတာကတော့ အိမ်မက်တခုလိုဖြစ်လို့နေပါတယ်။ ကုမ္ပဏီမှာအလုပ်ကိုင်ပြီးတစ်လ မြန်မာကျပ်ငွေ လေးသိန်းလောက်ဝင်ငွေရှိတဲ့  ကုမ္ပဏီဝန်ထမ်းတွေတောင်မှ တန်ဖိုးနည်းအိမ်ယာဒါမှ မဟုတ်အရစ်ကျအိမ်ယာဝယ်နိုင်ဖို့အတွက် အတားအဆီးတွေ စိန်ခေါ်မှုတွေရှိနေတုန်းပါ။

"တကယ်အိမ်ရမယ်ဆိုရင် မိသားစု ၄ ယောက်လောက်ထိနေနိုင်မယ့် အိမ်မျိုးလေးရမယ်ဆိုရင် စစ်စစ်စီစီနဲ့ တော်တော်ကြီးကိုချိုးချိုးခြံခြံစားပြီးတော့ တလကို ၇ သောင်းကနေ ၅ သောင်းကြားပေါ့လေ ဒါအခုလက်ရှိလုပ်နေတဲ့ ကျတော်ရဲ့ ဝင်ငွေနဲ့ တိုင်းတာပြီးပြောတာ။" ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သူ ဦးရဲလင်းထွဋ် ကပြောပါတယ်။

စူပါမားကတ်က အရောင်းဝန်ထမ်းတွေ စက်ရုံအလုပ်ရုံမှာလုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ဆိုရင်တော့ တန်ဖိုးနည်းအရစ်ကျအိမ်ယာဆိုတာ အလှမ်းဝေးနေသေးတယ်လို့ သူကဆက်ပြောပါတယ်။

အိမ်ယာပိုင်ဆိုင်ဖို့ဆိုတာကဘဏ်ချေးငွေ ရရှိဖို့ အခက်ခဲတွေ ရှိနေတာပါတယ်။ လက်ရှိအချိန်မှာ အိမ်ယာဝယ်ယူဖို့ ငွေထုတ်ချေးပေးနေတဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်တခုကိုမေးကြည့်ရာမှာတော့ "အခက်ခဲအနေနဲ့ပြောရမယ်ဆိုရင် ပြည်သူလူထုအနေနဲ့လဲ ဝင်ငွေတိုးတက်လာဖို့ အပိုင်းတွေကို ကြိုးစားဆောင် ရွက်ရ မှာရှိနေသလိုဘဏ်အနေနဲ့လဲချေးပေးရမယ့်နေရာမှာလက်ရှိဘဏ်ရဲ့ အပ်ငွေတွေဟာ နှစ်တိုအပ် ငွေတွေကြီး ဖြစ်နေတဲ့ အခါကြတော့ ချေးပေးရတာ နှစ်ရှည် ချေးပေးနေရတဲ့ အခါကြတော့ ဒို့ဘဏ်မှာ နှစ်ရှည်ချေးပေး ဖို့ ငွေအခက်ခဲနည်းနည်းရှိတာကလွဲရင်ပေါ့နော် ဒီငွေတွေရှိလာမယ် ဆိုရင်လဲသူတို့ကို ချေးပေးနိုင်တယ်။" လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော် ကပြောပါတယ်။

အခုအချိန်ဘဏ်ကနေ နှစ်တိုချေးငွေပဲထုတ်ပဲချေးပေးနိုင်ပါတယ်။ ဘဏ်အနေနဲ့လဲငွေကြေးအခက်ခဲရှိနေပြီး ပြည်သူလူထုအနေနဲ့ကလဲအရစ်ကျ အိမ်ခန်းဝယ်ယူဖို့အတွက် ပထဦးဆုံးသွင်းရမယ့် အိမ်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းကိုတောင်မှ မပေးသွင်းနိုင်တဲ့ အခြေနေမျိုးမှာ ဖြစ်နေတာပါ။ ရန်ကုန်မြို့က အိမ်ယာပိုင်ဆိုင်မှုက လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းပဲရှိတယ်လို့ သိရပါတယ်။

"တကယ်တမ်းလူများစုံအိမ်ယာပိုင်ဆိုင်ဖို့အတွက်ဆိုရင်တော့ တဖက်ကအိမ်ယာတွေ ဖော်ဆောင်သလိုတဖက်က ဝယ်နိုင်စွမ်းအားတဦးကျ ဝင်ငွေ တိုးဖို့နဲ့ ဝယ်နိုင်စွမ်းအားတက်လာဖို့ကိုလဲ လုပ်ဆောင်ပေးရမယ် အဲဒါကလဲ နိုင်ငံတော်အစိုးရကူညီမှ ရမှာဒီလိုကူညီဖို့အတွက်ကို နှစ်ရှည်အကျပေးချေမှုနဲ့ ဝယ်ချင်ဝယ် မဝယ်ချင်ရင် မဝယ်ရင်လဲ ဘဏ်ချေးငွေနဲ့ အထောက်ကူပြုမှသာလျှင် ဝယ်နိုင်မယ့် အခြေနေရှိတယ်" မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဦး ကပြောပါတယ်။

၁၉၉၀ ခုနှစ်ဝန်းကျင်လောက်က မြို့သစ်တွေ ဖော်ဆောင်ခဲ့ပြီး အစိုးရဝန်ထမ်းတွေကိုလစာအရစ်ကျပေးချေတဲ့ စနစ်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကို အကောင်ထည် ဖော်ဆောင်ခဲ့သလိုမျိုး ဆက်လက် လုပ်ဆောင်သင့်တဲ့ အကြောင်း ၎င်းကထောက်ပြ ပြောဆိုခဲ့ပါသေးတယ်။

ပြီးခဲ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေး မှာလည်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်ဖို့အဆိုကမအောင်မြင်ခဲ့ပါဘူး။ အဲဒါကြောင့် နောက်လာမယ့် လွှတ်တော်မှာအိမ်ရာ ပိုင်ဆိုင်ဖို့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကောင်ထည်ပေါ်နိုင်အောင် ထည့်သွင်းဆွေးနွေးသင့် တဲ့အကြောင်းပညာရှင် တွေနဲ့ တွေ့ဆုံမေးမြန်းသူတွေကမှတ်ချက်ပေးခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly