နင်ဂျာများ အလိုရှိသည်

နင်ဂျာများ အလိုရှိသည်

တိုကျို၊ မတ်၊ ၁၄ ။        ။ နင်ဂျင်တစ်ယောက် တတ်အပ်တဲ့ ကိုယ်ခံပညာတွေ၊ ဓါးသိုင်းတွေတတ်ကျွမ်းထားပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ ဓါးကို အသင့်သာသွေးထားလိုက်ပါတော့။

ဟုတ်ပါတယ်။ ဂျပန်နိုင်ငံ၊ အိုက်ချိစီရင်စုက တာဝန်ရှိသူတွေက အချိန်ပြည့်တာဝန်ထမ်းဆောင်မယ့် နင်ဂျာ ၆ ယောက် အလိုရှိသည် ဆိုပြီး အလုပ်ခေါ်ထားတာပါ။

နင်ဂျာအဖြစ်လျှောက်ထားမယ့်သူတွေဟာ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းရမယ့်အပြင် ခုန်ပျံကျော်လွှားကျွမ်းဘားအတတ် လည်း တတ်ရမယ်လို့ အလုပ်ခေါ်စာမှာ ရေးသားထားပါတယ်။

နင်ဂျာအဖြစ်ခန့်အပ်ခံရသူတွေဟာ တစ်လကို ယန်း ၁၈၀၀၀၀ ( အမေရိကန်ဒေါ်လာ ၁၆၀၀ ) ရရှိမှာ ဖြစ်ပါတယ်။

အိုက်ချိစီရင်စုရဲ့ အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ဒေသကို ကမ္ဘာလှည့်ခရီးသွာတွေ စိတ်ဝင်စားမှုမြင့်တက်လာဖို့အတွက် အစီအမံတစ်ရပ်အနေနဲ့ အခုလို အချိန်ပြည့်နင်ဂျာဝန်ထမ်းတွေ ခန့်ထားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် နင်ဂျာအဖြစ်လုပ်ကိုင်မယ့်သူတွေဟာ လူမြင်ကွင်းမှာ နင်ဂျာဝတ်စုံကြီးတကားကားနဲ့ နေနိုင်ဖို့လည်း လိုအပ်ပါတယ်။

ဒါပေမဲ့ အလုပ်လျှောက်တဲ့နေရာမှာ တကယ့်နင်ဂျာတစ်ယောက်လို လက်နက်ပုန်းနဲ့ လူဘယ်နှစ်ယောက်ထိ ပစ်ခတ်သတ်ဖြတ်ဖူးတယ်ဆိုတာမျိုးထည့်မရေးမိဖို့တော့လိုပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီလိုရေးလိုက်ရင် နင်ဂျာအတွေ့အကြုံကြွယ်ဝတယ်ဆိုပြီး အလုပ်ရဖို့ထက် အချုပ်ခန်းထဲရောက်သွားဖို့ကများလို့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly