ထိုင်းရောက် တရုတ်နိုင်ငံရေးခိုလှုံသူများကြား စိုးရိမ်မှုများမြင့်မား

ထိုင်းရောက် တရုတ်နိုင်ငံရေးခိုလှုံသူများကြား စိုးရိမ်မှုများမြင့်မား

ဘန်ကောက်၊ မတ် ၁၄ ။           ။ တရုတ်နိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တတိယနိုင်ငံတွင် ခိုလှုံခွင့်မရမီ အများစု သွားရာမှာ ထိုင်းနိုင်ငံဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ထိုင်းရောက် တရုတ်ပြည်ပြေး သုံးဦး နေရပ် တရုတ်နိုင်ငံသို့ ပြန်ပို့ခံရခြင်းနှင့် ပြီးခဲ့သည့်နှစ်က စပြီး တရုတ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့လည်း ပျောက်ဆုံးလျက် ရှိနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောသည်။

 နိုင်ငံရေးပြည်ပြေးများအနေဖြင့် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း ပြည်ပရောက် တရုတ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရန်ကီဖန်က စီအင်န်အေသတင်းဌာနသို့ ပြောသည်။

“ထိုင်းရဲတွေကပဲ ပြန်ပေးဆွဲကြမလား၊ တရုတ်နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အဖမ်းပဲခံရမလား၊ ပြီးရင် တရုတ်ပြည် ပြန်ပို့ခံရမလားဆိုတာ ကျွန်တော်တို့တွေကြားမှာ စိုးရိမ်မှုတွေ ရှိနေရပါတယ်။ အချိန်တိုင်းမှာ သတိထားပြီး နေနေရပါတယ်။”ဟု ရန်ကီဖန်က ပြောသည်။

ရန်သည် တရုတ်နိုင်ငံတွင် တက္ကသိုလ်ကထိကအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကာ ၎င်းအား အစိုးရပိုင်ဆိုင်မှုအာမခံကိစ္စများနှင့် ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။ ၎င်းအား လျှို့ဝှက်အကျဉ်းတိုက်တွင် အအိပ်မဲ့ နှိပ်စက်နည်းများဖြင့် စစ်ဆေးခဲ့ကြောင်း ပြောသည်။

ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် တရုတ်နိုင်ငံအပေါ် အားထားလာရလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်ကလည်း ထိုင်းနှင့် တရုတ်နှစ်နိုင်ငံတို့ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြသည်။ သို့သော် ထိုင်းအစိုးရက ထိုသို့သော ပြည်ပြေးများအား နှိပ်ကွပ်ခြင်းများ မရှိကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly