အမျိုးသမီးများကို တောင်ဆူဒန်စစ်တပ် စနစ်တကျအကွက်ချပြီး မုဒိမ်းကျင့်

အမျိုးသမီးများကို တောင်ဆူဒန်စစ်တပ် စနစ်တကျအကွက်ချပြီး မုဒိမ်းကျင့်

ဂျူးဘား၊ မတ်၊ ၁၃ ။          ။ တောင်ဆူဒန်တပ်ဖွဲ့ဝင်များသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်းကို ရည်ရွယ်ချက်ရှိရှိနှင့် စနစ်တကျလုပ်ဆောင်လျှက်ရှိကြောင်း ကုလသမဂ ္ဂကထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

တောင်ဆူဒန်တပ်ဖွဲ့များသည် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ကျွန်အဖြစ်သိမ်းပိုက်ခြင်းတို့အပြင် လူများကို အရှင်လတ်လတ်မီးရှို့သတ်ခြင်း၊ ကွန်တိန်နာသေတ္တာများအတွင်းပိတ်ကာ သတ်ဖြတ်ခြင်း၊ ရွာများကိုဖျက်ဆီးခြင်း စသည့် ရက်စက်သည့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် တောင်ဆူဒန်တပ်ဖွဲ့များသည် ထိုရက်စက်သည့်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိနှင့် အရပ်သားများကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်တွင်းစစ်စတင်ဖြစ်ပွားချိန်မှစ၍ လက်နက်ကိုင်သူပုန်များအပါဝအင် စစ်ပွဲအတွင်း ပါဝင်သော တပ်ဖွဲ့များအားလုံးက အပြစ်မဲ့အရပ်သားများအပေါ်တွင် လူသားချင်းမစာနာသည့် ရက်စက်မှုများကျူးလွန်ခဲ့ ကြသည်။

၂၀၁၅ ခုနှစ်တွင် တောင်ဆူဒန်အစိုးရပ်တပ်များက တိုက်ပွဲအတွင်းအသာရလာပြီးနောက်တွင်လည်း သူပုန်များလုပ်ခဲ့သည့် ရက်စက်သည့်လုပ်ရပ်များအတိုင်း လုပ်ဆောင်လာခဲ့ကြောင်း ကုလသမဂ ္ဂ အစီရင်ခံစာအရသိရသည်။

ထိုအပြန်အလှန်ကျူးလွန်မှုများအတွင်းတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ ဓါးစာခံဖြစ်ခဲ့ရပြီး လိင်ကျွန်အပြုခံရခြင်း၊ ဇနီးမယားအဖြစ်သိမ်းပိုက်ခံရခြင်း၊ အခိုင်းအစေများအဖြစ်သိမ်းပိုက်ခံရခြင်းများ များစွာရှိခဲ့သည်။

တောင်ဆူဒန်၏ အခြေအနေသည် ကမ္ဘာပေါ်တွင်ထိတ်လန့်စရာအကောင်းဆုံး လူ့အခွင့်အရေးဆုံးရှုံးသည့်အခြေအနေတစ်ရပ် ဖြစ်နေပြီး လက်နက်ကိုင်တပ်ဖွဲ့များက မုဒိမ်းကျင့်ခြင်းကို အကြမ်းဖက်မှုနည်းလမ်းတစ်ရပ်၊ စစ်လက်နက်တစ်ခုအဖြစ် အသုံးချနေ ကြကြောင်း ကုလသမဂ ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး အယ်လ်ဟူစိန်က ပြောကြားသည်။

 ကုလသမဂ ္ဂ၏ ယင်းအစီရင်ခံစာနှင့် ပတ်သတ်ပြီး တောင်ဆူဒန်စစ်တပ်၏ ပြောရေးဆိုခွင့်ရသူတစ်ဦးကမူ အစီရင်ခံစာပါ အချက်အလက် များမှာ မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly