ဥရောပသမဂ္ဂမှ ဗြိတိန်မထွက်ခွာစေရေးအတွက် အိုဘားမား လန်ဒန်သို့ သွားမည်

ဥရောပသမဂ္ဂမှ ဗြိတိန်မထွက်ခွာစေရေးအတွက် အိုဘားမား လန်ဒန်သို့ သွားမည်

လန်ဒန်၊ မတ်၊ ၁၃ ။          ။ အမေရိကန်သမ္မတအိုဘားမားသည် လာမည့်ဧပြီလအတွင်းတွင် ဗြိတိန်သို့သွားရောက်လည်ပတ်ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်မထွက်ခွာစေရေးအတွက် ဗြိတိန်မဲဆန္ဒရှင်များကို တိုက်တွန်းစည်းရုံးသွားမည်ဖြစ်သည်။

ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ထွက်မလား၊ ဆက်နေမလာဆိုသည်ကို ဇွန်လအတွင်းတွင် တိုင်းပြည်အတွင်း မဲခွဲဆုံးဖြတ်သွားမည် ဖြစ်သည်။

ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂတွင်ဆက်လက်ပါဝင်ပြီး ကမ္ဘာစစ်အလွန်ပူးပေါင်းဆောင်ရွက်မှုကြီးတစ်ရပ်တွင် ဆက်လက်ပါဝင်စေလိုသည်ဟု အိုဘားမားက ပြောကြားထားဖူးသည်။

ဥရောပသမဂ္ဂတွင် ဆက်လက်ပါဝင်ရန်၊ သို့မဟုတ်ခွဲထွက်ရန်နှင့်ပတ်သတ်ပြီး အကြိုစစ်တမ်းကောက်ယူမှုများတွင် ဗြိတိန်မဲဆန္ဒရှင်များ၏ သဘောထားမှာနှစ်ဖက် မတိမ်းမယိမ်းရှိနေပြီး ခန့်မှန်းရန်ခက်ခဲလျှက်ရှိသည်။

အိုဘားမားသည် ဧပြီလကုန်ပိုင်းတွင် ဂျာမနီသို့သွားရောက်ပြီး နည်းပညာဆိုင်ရာပွဲတစ်ခုတက်ရောက်ရန်ရှိနေပြီး ထိုကာလ လောက်မှာပင် ဗြိတိန်သို့လည်းသွားရောက်လိမ့်မည်ဟု အိမ်ဖြူတော်နှင့်နီးစပ်သူများက ပြောကြားလျှက်ရှိသည်။

ထိုသတင်းနှင့်ပတ်သတ်ပြီး လက်ရှိအချိန်ထိ အိမ်ဖြူတော်က မှတ်ချက်တစ်စုံတစ်ရာပေးသေးခြင်း မရှိသေးဘူး၊ ဗြိတိန်ဝန်ကြီးချုပ်ရုံးကလည်း မှတ်ချက်ပေးရန်ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly