မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေသည့် ကုလဖွံ့ဖြိုးရေး အစီအစဉ် အတွက် ဖင်လန်နိုင်ငံမှ ယူရိုငွေ ၄သန်းထည့်ဝင်

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေသည့် ကုလဖွံ့ဖြိုးရေး အစီအစဉ် အတွက် ဖင်လန်နိုင်ငံမှ ယူရိုငွေ ၄သန်းထည့်ဝင်
နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ကျင်းပသည့် ပြည်သူ့လွှတ်တော်ခန်းမဆောင်အား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မတ် ၁၁ ။        ။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်ပေါ်ထွက်ရေး၊ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဖင်လန်အစိုးရက ရံပုံငွေ ယူရို ၄သန်း ထည့်ဝင်ခဲ့ကြောင်း ဖင်လန်သံရုံးက ထုတ်ပြန်ကြေငြာသည်။

ဒီမိုကရေစီနည်းလမ်း ကျင့်သုံးသောနိုင်ငံရေး အဖွဲ့အစည်းများ ပေါ်ထွန်းအောင်ဆောင်ရွက်ရေးနှင့် နိုင်ငံရေးဆုံးဖြတ်ချရာတွင် နိုင်ငံသားများအားလုံးတန်းတူ ညီမျှစွာ ပူးပေါင်းပါဝင်ရေးတို့ အတွက် ဖင်လန်အစိုးရ၏ မျှော်မှန်းချက်ဖြစ်ကြောင်း၊ ပြည်သူအုပ်ချုပ်ရေး ယန္တရားနှင့် တရားစီရင်ရေးစနစ်တို့ ကောင်းမွန်လာရေးသည့် ရလဒ်ကို ပြည်သူများ အသီးအပွင့်ခံစားစေရေး အတွက် ဆက်လက်  ဆောင်ရွက်ရာတွင် ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖင်လန်နိုင်ငံ၏ ယခုကူညီမှုသည် ဒုတိယမြောက်ထည့်ဝင်မှုဖြစ်ပြီး ၂၀၁၄ခုနှစ်က ယူရို ၂သန်းထည့် ဝင်ထားကြောင်း၊ ယင်းရံပုံငွေကို ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏  မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့အစည်းများ အားဖြည့်ကူညီမှု အစီအစဉ်၊တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ဒေသန္တရ အုပ်ချုပ်ရေး အခြေအနေများ လေ့လာခြင်း၊ပြည်သူ့အုပ်ချုပ်ရေး စနစ်ပြုပြင်ပြောင်းလဲရေးနှင့် အခြားလုပ်ငန်းများတွင် အသုံးပြုစေနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း  ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် မြန်မာနိုင်ငံ ဌာနေညွှန်ကြားရေးမှူး မစ္စတာ တွိုင်လီ ကူးဗာနော်ဗ့် ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly