မြန်မာများပါ၀င်သော တံငါသည်များကို ကျွန်ပြုမှုဖြင့် ထိုင်းကပ္ပတိန် ၅ ဦးကို အင်ဒိုနီးရှားထောင်ချ

မြန်မာများပါ၀င်သော တံငါသည်များကို ကျွန်ပြုမှုဖြင့် ထိုင်းကပ္ပတိန် ၅ ဦးကို အင်ဒိုနီးရှားထောင်ချ

အမ်ဘွန်၊ မတ် ၁၁ ။            ။ ထိုင်းငါးဖမ်းလှေ ကပ္ပတိန် ၅ဦးနှင့် အင်ဒိုနီးရှားလူမျိုးသုံးဦးကို ပင်လယ်စာလုပ်ငန်းတွင် ကျွန်ပြုမှုနှင့် ဆက်စပ်သည့် လူကုန်ကူးမှုဖြင့် မတ် ၁၀က ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်။ ကျွန်ပြုခံရသူများတွင် မြန်မာများလည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါသံသယရှိသူများကို လွန်ခဲ့သည့်မေလက ဝေးလံခေါင်သီသော ကျွန်းရွာလေး ဘင်ဂျီနာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းသို့အနိုင်ကျင့်မှုကို အစောပိုင်းနှစ်လက အေပီက ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ သံသယရှိသူအမျိုးသားများကို ဂျာကာတာအရှေ့ဘက် ကီလိုမီတာ ၂,၉၀၀ခန့်ကွာဝေးသော အရှေ့တောင်ပိုင်း မာလူကူပြည်နယ်ရှိ ကျွန်းတစ်ကျွန်းဖြစ်သော တူယယ်တွင် သီးခြားဆီ တရားခွင် စစ်ဆေးခဲ့သည်။

တရားသူကြီးသုံးဦးပါအဖွဲ့က တရားခံများကို တစ်ဦးလျင် အမေရိကန်ဒေါ်လာ ၁၂,၂၅၀ဆီလည်း ဒဏ်ရိုက်ခဲ့ပြီး ဒဏ်မဆောင်ပါက နောက်ထပ်ထောင်ဒဏ် နှစ်လဆီကျခံရန် အမိန့်ချခဲ့သည်။ ထိုင်းကပ္ပတိန်များဖြစ်သော ယန်ယွတ်နီတီဝေါင်ချာအေရွန်၊ ဘွန်းဆွမ်ဂျိုက်ကာ၊ ဆူရာချိုင်းမနီဖောင်၊ ဟတ်ဆာဖွန်ဖာအက်ဂျက်ကရဲန်နှင့် ဆွမ်ချစ်ကော်ရာနီးဆပ်တို့သည် အနိုင်ကျင့်မှုအတွက် လျော်ကြေးအဖြစ် စုစုပေါင်းဒေါ်လာ ၆၇,၈၀၀ပေးဆောင်ရမည်ဖြစ်သည်။

"သူတို့အားလုံး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတာ သက်သေထူပြီးပါပြီ။ သူတို့ဟာ ထောင်ဒဏ်ကော ငွေဒဏ်ပါထိုက်တန်ပါတယ်"ဟု တရားသူကြီးအဖွဲ့ကို ဦးဆောင်သည့် အေးဒီတိုတိုပါဘာက ပြောသည်။ ပြစ်ဒဏ်အား အယူခံခွင့်အတွက် ပိုမိုကြီးလေးသည့် ပြစ်ဒဏ်ချမှတ်စေရန် ကြိုးစားနေသည့် အစိုးရရှေ့နေများနှင့် တရားခံများကို ၎င်းက အချိန် တစ်ပတ်ပေးခဲ့သည်။ ထိုင်းကပ္ပတိန် ၅ ဦးနှင့် အင်ဒိုနီးရှားလူမျိုး ဟာမန်ဝီယာမာတီနိုတို့အား ထောင်ဒဏ် လေးနှစ်ခွဲနှင့် အခြားအင်ဒိုနီးရှားနှစ်ဦးကို ထောင်ဒဏ် သုံးနှစ်ခွဲအထိ ချမှတ်ရန် အင်ဒိုနီးရှားအစိုးရရှေ့နေတို့က တောင်းဆိုခဲ့သည်။

အင်ဒိုနီးရှား၏ သက်သေနှင့် ဓါးစာခံကာကွယ်ရေး အေဂျင်စီ၏ ကာကွယ်ပေးမှုဖြင့် ငြင်းပန်းနှိပ်စက်ခံရကြောင်း မြန်မာနိုင်ငံမှ တံငါသည် ၁၃ဦးက ထွက်ဆိုခဲ့သည်။ ၎င်းတို့သည် တစ်ရက်ကို ၂၄ နာရီအလုပ်လုပ်ရန် အဓမ္မစေခိုင်းခံရသော်လည်း လုပ်ခလစာမရဘဲ အနှိပ်စက်သာခံခဲ့ရကြောင်း ရုံးတော်သို့ ထွက်ဆိုခဲ့သည်။

တရားရုံးအမိန့်ကြောင့် အလုပ်သမားအချို့မှာ မကျေမနပ်ဖြစ်ခဲ့ကြသည်။" သူတို့ကို ဒီထက်ပိုပြီး အပြစ်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ တံငါသည်အများကြီးကို   နှစ်ပေါင်းများစွာ နှိပ်စက်ခံရလို့ပါ။ ကျွန်တော်တို့အတွက်တော့ ဒါကမတရားပါဘူး "ဟု ဘင်ဂျီမာတွင် ခြောက်နှစ်နီးပါး ကျွန်ပြုခံခဲ့ရသော အသက် ၂၆အရွယ် ဝင်းကိုနိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly