စာချုပ်သက်တမ်းကုန်ဆုံးပါက မန်စီးတီးကို အဂူရို စွန့်ခွာမည်

စာချုပ်သက်တမ်းကုန်ဆုံးပါက မန်စီးတီးကို အဂူရို စွန့်ခွာမည်

မတ် ၁၁၊ မန်ချက်စတာ ။         ။ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယိုအဂူရိုက မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက ပရီးမီးယားလိဂ်ကလပ်ကို စွန့်ခွာမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အဂူရိုသည် မန်စီးတီးနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားပြီး ၂၀၁၈-၁၉ ဘောလုံးရာသီအပြီးတွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ အဂူရိုက မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက ၎င်း၏ငယ်မွေးခြံပေါက်ကလပ် အင်ဒီပန်းဒန့်အသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်ဟု ဆိုသည်။

 'ကျွန်တော့်ဆန္ဒဘယ်လိုရှိလဲဆိုတာ မန်စီးတီးအသင်း သိပါတယ်။ ကျွန်တော် အာဂျင်တီးနားကို ပြန်ချင်တယ်ဆိုတာ သူတို့ သိပြီးသားပါ။

မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၁၈ မှာ အာဂျင်တီးနားကို ပြန်မယ်ဆိုတာ ကျွန်တော့်မိသားစုလည်း သိပါတယ်' ဟု အဂူရိုက ပြောသည်။

အဂူရိုသည် ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းဖြင့် စပိန်ကလပ် အက်သလက်တီကိုမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ မန်စီးတီးအတွက် ၁၉၁ ပွဲတွင် ၁၂၆ ဂိုးသွင်းယူထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly