မန်ယူအသင်းကိုနည်းပြခွင့်ရချင်သည်ဟု ဂတ်တူဆိုပြော

မန်ယူအသင်းကိုနည်းပြခွင့်ရချင်သည်ဟု ဂတ်တူဆိုပြော

မတ် ၁၀၊ မန်ချက်စတာ။           ။ အေစီမီလန်နှင့် အီတလီကွင်းလယ်ကစားသမားဟောင်း ဂတ်တူဆိုက မန်ယူအသင်းကိုနည်းပြချင်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

အီတလီတတိယတန်း လီဂါပရိုကလပ် ပီဆာကိုကိုင်တွယ်နေသည့် အသက် ၃၈ နှစ်အရွယ်နည်းပြသည် ၁၃ နှစ်ကြာကစားခဲ့သော အေစီမီလန်နှင့်အတူ စီးရီးအေဖလားနှစ်လုံး၊ ချန်ပီယံလိဂ်ဖလားနှစ်လုံးအပြင် အီတလီအသင်းနှင့်အတူ ၂၀၀၆ ကမ္ဘာ့ဖလားရထားသည်။

ဂတ်တူဆိုက အင်္ဂလိပ်ဘောလုံးလောကကို ချစ်မြတ်နိုးကြောင်း၊ ချန်ပီယံရှစ်ပွဲစဉ်များကိုပင်မှတ်တမ်းတင်ထားကြောင်းနှင့် ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်အဲဒီကိုသွားမယ်။ မနက်ဖြန်သွားခွင့်ရရင်တောင်သွားမယ်။ ဖာဂူဆန်က ကျွန်တော့်ကိုအမြဲလေးစားပါတယ်။ ပရီးမီးယားလိဂ်ကို လည်း ကျွန်တော်အမြဲအလေးထားတယ်။ ကျွန်တော့်အတွက်တော့ အကောင်းဆုံးလိဂ်တစ်ခုပဲ။

အီတလီမှာကျွန်တော်တို့က နည်းစနစ်မာစတာတွေဖြစ်ပေမယ့် အင်္ဂလန်မှာတော့ သန်မာတဲ့ခြေထောက်တွေပိုင်ဆိုင်ထားတဲ့ လျှင်မြန်တဲ့ ကစားသမားတွေကို ခင်ဗျားတို့တွေ့ရမယ်။

ချန်ပီယံရှစ်ပွဲတွေကြည့်ရတာကြိုက်တယ်။ အဲဒီပွဲတွေမှာ အင်္ဂလန်ကလူတွေဘောလုံးကိုဘယ်လောက်ချစ်တယ်ဆိုတာ တွေ့နေရတယ်။ ကျွန်တော်တစ်ညကို ချန်ပီယံရှစ်နှစ်ပွဲလောက်ကြည့်ဖြစ်တယ်။

အီတလီမှာတစ်ချို့အသင်းတွေပွဲချိန်အတွင်းသက်သောင့်သက်သာကစားနိုင်ပေမယ့် အင်္ဂလန်မှာတော့မရပါဘူး"ဟု ဂတ်တူဆိုက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly