လီဗာပူးလ်အသင်း၏အဆိုးဆုံးကစားသမားခေါ်ယူမှုသုံးခုကို ကာရေဂါထုတ်ပြော

လီဗာပူးလ်အသင်း၏အဆိုးဆုံးကစားသမားခေါ်ယူမှုသုံးခုကို ကာရေဂါထုတ်ပြော

မတ် ၁၀၊ လီဗာပူးလ်။          ။ လီဗာပူးလ်နောက်ခံလူ ကာရေဂါသည် အသင်း၏ အဆိုးရွားဆုံးကစားသမားခေါ်ယူမှုသုံးခုမှာ တိုက်စစ်မှူးတစ်ဦး၊ ဒီအော့ဖ်နှင့်အတူ အကွီလာနီတို့ဖြစ်သည်ဟု ယုံကြည်နေသည်။

အဆိုးရွားဆုံးခေါ်ယူမှုသုံးခုထဲမှ တိုက်စစ်မှူးဆိုသည်မှာ ဘာလော့တယ်လီကို ကာရေဂါက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ၂၀၁၄ တွင် လီဗာပူးလ်သို့ပေါင် ၁၆ သန်းဖြင့်ပြောင်းလာသည့် အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးသည် လက်ရှိတွင်အေစီမီလန်သို့အငှားသွားကစားနေ ပြီး လီဗာပူးလ်တွင်ပထမရာသီ၌ ၂၈ ပွဲကစား၊ လေးဂိုးသာသွင်းနိုင်ခဲ့သည်။

လီဗာပူးအသင်း၏ကစားသမားခေါ်ယူမှုတွင် အဆိုးရွားဆုံးများကို ဒေးလီးမေးလ်နှင့်ပြုလုပ်သည့် အင်တာဗျူး၌ ကာရေဂါက "နည်းနည်းပဲရှိပါ တယ်။ ဒီအော့ဖ်လည်းတစ်ဦးအပါအဝင်ပေါ့။

အကွီလာနီကိုလည်း ဒီစာရင်းထဲမှာထည့်ထားရမယ်။ သူ့အတွက်ကျွန်တော်တို့ ငွေတော်တော်သုံးခဲ့ရတယ်။ စာချုပ်တော့ ဒဏ်ရာနဲ့၊ ထွက်သွားတော့လည်း ဒဏ်ရာနဲ့ပဲ။ ပြီးတော့ သူဒဏ်ရာမရဘူးဆိုတာကို ကျွန်တော်မမှတ်မိသလောက်ပဲ။

ဘာလော့တယ်လီကိုခေါ်လိုက်ပြီဆိုတော့လည်း ယုံတောင်မယုံနိုင်ဘူး။ လူတိုင်းပြောကြတာက ဘာလော့တယ်လီရဲ့ကွင်းပြင်က အကျင့်ကို ဖြစ်ပေမယ့် ကွင်းထဲမှာမဟုတ်ရင် ကျွန်တော်ဂရုမစိုက်ပါဘူး။

လူတွေက သူဟာ ပါရမီရှင်တစ်ယောက်လို့ ကျွန်တော့်ကိုပြောကြတယ်။ ဒါပေမဲ့ သူခြေစွမ်းပြတဲ့ပွဲကို ကျွန်တော်မှတ်တောင်မမှတ်မိဘူး။ အငှားသက်တမ်းကုန်သွားရင် တရုတ်စူပါလိဂ်က သူ့ကိုခေါ်ဖို့ဆုတောင်းနေပါတယ်။

ပရီးမီးယားလိဂ်က ဘယ်သူမှသူ့ကိုခေါ်ချင်မယ်မထင်ဘူး။ သူဟာ အကွီလာနီ၊ ဒီအော့ဖ်တို့နဲ့အတူ အဆိုးဆုံးနံပါတ်တစ်ပဲ"ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly