ချယ်လ်ဆီးအသင်း၏ အပြောင်းအလဲကာလကို ရောက်ရှိနေပြီဟု နည်းပြ ဂုစ်ဟစ်ဒင့်ဆို

ချယ်လ်ဆီးအသင်း၏ အပြောင်းအလဲကာလကို ရောက်ရှိနေပြီဟု နည်းပြ ဂုစ်ဟစ်ဒင့်ဆို

မတ် ၁၀၊ လန်ဒန် ။          ။ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်တွင် ပီအက်စ်ဂျီအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ ဂုစ်ဟစ်ဒင့်က လန်ဒန်မြို့ခံကလပ်အသင်းမှာ အပြောင်းအလဲကာလကို ရောက်ရှိနေပြီဟု ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် ပီအက်စ်ဂျီအသင်းကို ပထမအကျော့တွင် ၂-၁ ဂိုးဖြင့် ရှုံးထားသည့်အတွက် နှစ်ကျော့ပေါင်း ၄-၂ ရလဒ်ဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းမှာ အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် လာမည့်နှစ်၌ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့်လွဲချော်ရမည့်အရေးဖြင့် ရင်ဆိုင်နေရသည်။ ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်၌ အဆင့် ၁၀ တွင် ရပ်တည်နေပြီး အဆင့်လေးမှ အသင်းနှင့် ၁၀ မှတ်ကွာဟလျက်ရှိသည်။

နည်းပြဟစ်ဒင့်သည် မော်ရင်ဟို၏ချယ်လ်ဆီးအသင်းကို လက်ခံရယူပြီးနောက်တွင် အသင်းကို တိုးတက်လာအောင်ပြုလုပ်နိုင်ခဲ့သော်လည်း ၎င်း၏နေရာကို ဆက်ခံမည့် နည်းပြသစ်မှာ အသင်းကို ပြန်လည်တည်ဆောက်ရမည်ဟု ယုံကြည်လျက်ရှိသည်။

' ချယ်လ်ဆီးဟာ အခုအချိန်မှာ အပြောင်းအလဲ ကာလကို ရောက်ရှိနေပါပြီ။ အရင်လိုကျစ်လစ်မာကျောတဲ့ ချယ်လ်ဆီးအသင်းပုံစံကို ပြန်ရဖို့ သေချာပေါက် ပြန်လည်တည်ဆောက်ရမှာပါ။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ကာလတိုအနာဂတ်အတွက် စဉ်းစားရပါတော့မယ်။ ဒါကို ဘယ်လို ကိုင်တွယ်ထိန်းသိမ်းသွားမလဲဆိုတာကိုလဲ စဉ်းစားရပါလိ့မ်မယ်' ဟု ဟစ်ဒင့်က ဆိုသည်။

ထို့နောက်တွင် ဟစ်ဒင့် ပရီးမီးယားလိဂ်တွင် အဆင့်လေးအတွင်းဝင်ရန် အလွန်ခက်ခဲကြောင်း ပြောဆိုခဲ့ပြီး ယခုပထမဆုံးလုပ်ရမည့် အလုပ်မှာ တန်းဆင်းဇုန်ထဲ မရောက်ရှိသွားစေရန် လုပ်ရမည်ဟု ဆိုသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly