အာဂျီနိုမိုတို ပြည်တွင်းစျေးကွက် ပြန်လာမည်

အာဂျီနိုမိုတို ပြည်တွင်းစျေးကွက် ပြန်လာမည်

ဖွံ့ဖြိုးလျက်ရှိသော မြန်မာနိုင်ငံတွင် ဝယ်လိုအားများပြားမည်ဟု မျှော်လင့်လျက် မြန်မာ့ဈေးကွက်၌ နာမည်ရပြီးဖြစ်သည့် အာဂျီနိုမိုတို အချို့မှုန့် ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာရန် စီစဉ်လျက်ရှိနေပြီဖြစ်သည်။

ဂျပန်နိုင်ငံက အချို့မှုန့်ထုတ်လုပ်သည့် ကုမ္ပဏီ အာဂျီနိုမိုတိုသည် စစ်အစိုးရလက်ထက် ၂၀၀၀ ခုနှစ်တွင် ပြည်တွင်းဈေးကွက်မှ ထွက်သွားခဲ့ခြင်းဖြစ်သည်။

အာဂျီနိုမိုတိုကုမ္ပဏီနှင့် အခြားစားသောက်ကုန်ထုတ်လုပ်ရေးတို့က မြန်မာနိုင်ငံတွင် ယန်း ၁ ဒသမ ၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း) ရင်းနှီးမတည်သည့် မြန်မာယူနစ်ကို တည်ထောင်ထားပြီးဖြစ်သည်။ ရန်ကုန်မြို့ပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ကြမ်းခင်း စတုရန်းမီတာ ၅၀၀၀ အကျယ်အဝန်းရှိ အာဂျီနိုမိုတိုစ်ရုံအား တည်ဆောက်သွားမည်ဖြစ်သည်။ ယင်းစက်ရုံက ထိုင်းနိုင်ငံမှ မိုနိုဆိုဒီယမ်ဂလူတမိတ် အမှုန့်များကို တင်သွင်းပြီး ထုတ်ပိုးကာ မြန်မာဈေးကွက်တွင် ဖြန့်ဖြူးရောင်းချမည်ဖြစ်သည်။

အရောင်းသမားများအပါအဝင် လုပ်သားအင်အား ၁၀၀ ဖြင့် လုပ်ငန်းကို စတင်မည်ဖြစ်သည်။ ကနဦးဈေးကွက်အဖြစ် ရန်ကုန်နှင့် မန္တလေးတို့တွင် စတင်ရောင်းချမည်။ တစ်နိုင်ငံလုံး   ဈေးကွက်ဖြန့်ပြီးနောက် ကုမ္ပဏီအနေဖြင့် ၂၀၂၀ ဘဏ္ဍာနှစ်မကုန်မီ နှစ်စဉ်ရောင်းအား ယန်း ၃ ဘီလီယံ ရရှိရေး ရည်မှန်းထားသည်။

လူဦးရေ သန်း ၅၀ ကျော်ရှိသည့် မြန်မာနိုင်ငံသည် အချို့မှုန့်စားသုံးမှု တစ်နှစ်လျှင် တန် ၅၂၀၀၀ အကြမ်းဖျင်းရှိကာ အရှေ့တောင်အာရှ၌ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ပြီးလျှင် စတုတ္ထမြောက်အကြီးဆုံး ဈေးကွက်ဖြစ်ကြောင်း တိုကျိုအခြေစိုက် အာဂျီနိုမိုတိုကုမ္ပဏီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly