တိုက်စစ်မှူး စိုးမင်းဦး ရှမ်းယူနိုက်တက်အတွက် သွင်းဂိုး ၁၀၀ပြည့်ရန် တစ်ဂိုးသာလိုတော့

တိုက်စစ်မှူး စိုးမင်းဦး ရှမ်းယူနိုက်တက်အတွက် သွင်းဂိုး ၁၀၀ပြည့်ရန် တစ်ဂိုးသာလိုတော့
ရှမ်းယူနိုက်တက်တိုက်စစ်မှူး စိုးမင်းဦး။ (ဓာတ်ပုံ- ရွှေဘုတ်)

မတ် ၉၊ ရန်ကုန်။            ။ ရှမ်းယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း စိုးမင်းဦးမှာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၉) တွင်ဟော်ရဇွန်အသင်းဘက်ကို နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုး ၁၀၀ပြည့်ရန် တစ်ဂိုးသာလိုတော့သည်။

စိုးမင်းဦးမှာ ရှမ်းယူနိုက်တက်အသင်းအမည်မပြောင်းခင် ယခင်အပျော်တမ်းကလပ် ကမ္ဘောဇအသင်းအမည်ကတည်းက အသင်းတွင် ပါဝင်ကစားနေသူဖြစ်သည်။ လက်ရှိအချိန်တွင် စိုးမင်းဦးမှာ   မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲစတင်ကျင်းပသည့် ၂၀၀၉ခုနှစ်မှ ၂၀၁၆ ဘောလုံးရာသီအထိ ပြည်တွင်း၊ပြည်ပ ပြိုင်ပွဲစုံသွင်းဂိုး ၉၉ဂိုးအထိရရှိထားခြင်းဖြစ်သည်။

"အရိုးသားဆုံး ဝန်ခံရရင် ဒီရာသီမှာ အခုထက်ဂိုးပိုသွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ အသင်းက အပြောင်းအလဲ လုပ်ထားတော့ အချိတ်အဆက်မိဖို့အတော်လေး ကြိုးစားရပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ၊ အသင်းကလည်း နိုင်ပွဲတွေရ၊ ကျနော်ကလည်း ဂိုးတွေရဆိုတော့ ပျော်ပါတယ်။ ဂိုး ၁၀၀ အမြန်ဆုံးပြည့်အောင် ကြိုးစားသွားမှာပါ။ အခုလို ဂိုးတွေရတယ် ဆိုတာကလည်း အစဉ်အဆက် နည်းပြခဲ့တဲ့ ဆရာတွေ၊တွဲကစားခဲ့တဲ့ အသင်းဖော်တွေ ရဲ့ကျေးဇူးတွေ အများကြီး ပါပါတယ်"ဟု စိုးမင်းဦးကဆိုသည်။

စိုးမင်းဦးမှာ ယခုနှစ်ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်ဘောလုံးအသင်းအတွက် သွင်းဂိုး ၃ဂိုးသာ ရထားပြီး အသင်းမှာလည်း နိုင်ပွဲ ၂ပွဲသာရရှိထားသည်။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း စိုးမင်းဦးမှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ၉ပွဲကစားဖူးပြီး ၂ဂိုးသွင်းယူထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly