ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးပွဲတွင် မီချီဂန်၌ ဘာနေဆန်းဒါးက ဟီလာရီကလင်တန် ကို မထင်မှတ်ဘဲ အနိုင်ရ

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးပွဲတွင် မီချီဂန်၌ ဘာနေဆန်းဒါးက ဟီလာရီကလင်တန် ကို မထင်မှတ်ဘဲ အနိုင်ရ

ဝါရှင်တန်၊ မတ်၊ ၉ ။            ။ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်းရွေးပွဲတွင် မီချီဂန်ပြည်နယ်၌ ဘာနေဆန်းဒါးက ဟီလာရီကလင်တန်ကို မထင်မှတ်ဘဲအနိုင်ရသွားခဲ့သည်။

လက်ရှိ ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းယှဉ်ပြိုင်မှုတွင် ရှေ့မှပြေးနေသော နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သာ အနိုင်ရလိမ့်မည်ဟု တွက်ဆထားသော မီချီဂန်ပြည်နယ်တွင်မှ ယခုကဲ့သို့ ဘာနေဆန်းဒါးက အနိုင်ရခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားများအကြား စီးပွားရေးအရညီမျှမှုပိုရှိလာအောင် လုပ်ဆောင်မည်ဟူသော ကတိနှင့် လူငယ်မဲဆန္ဒရှင်များကို ဦးတည်မဲဆွယ်ခဲ့သော ဘာနေဆန်းဒါးသည် မီချီဂန်ပြည်နယ်၊ ဒီမိုကရက်တစ် သမ္မတလောင်းရွေးပွဲတွင် ဆန္ဒမဲ ၅၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ဟီလာရီကလင်တန်မှာ ၄၈ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

သို့သော် ဟီလာရီကလင်တန်သည် အစောပိုင်းက မစ္စစ္စပီပြည်နယ်တွင် ဘာနေဆန်းဒါးကို အနိုင်ရပြီး အမေရိကန် တောင်ပိုင်း ပြည်နယ်များတွင် အသာရထားသည်။

ရီပတ်ဗလစ်ကန်ပါတီ သမ္မတလောင်းရွေးပွဲများတွင်မူ ဘီလျံနာသူဌေး ဒေါ်နယ်လ်ထရမ့်က မီချီဂန်တွင်ရော၊ မစ္စစ္စပီတွင်ပါ ပါတီတွင်းပြိုင်ဘက်များကို အသာရပြီး ရှေ့ဆုံးမှ ဆက်လက်ဦးဆောင် လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly