ပုဇွန်တောင်ရွှေနန်းထိုက် ရွှေဆိုင်ဖောက်ထွင်းခံရမှု ၁၀ ဦးခန့်ခေါ်ယူစစ်ဆေး

ပုဇွန်တောင်ရွှေနန်းထိုက် ရွှေဆိုင်ဖောက်ထွင်းခံရမှု ၁၀ ဦးခန့်ခေါ်ယူစစ်ဆေး

ရန်ကုန် ဇွန် ၂၉ ။    ။ ပုဇွန်တောင်မြို့နယ်ရှိ ရွှေနန်းထိုက် ရတနာရွှေဆိုင်တွင် ပြီးခဲ့သည့်ဇွန် ၂၇ ရက်၊ နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် ကျပ်သိန်း ၁၅၀ ခန့်တန်ဖိုး ရှိရွှေထည် ပစ္စည်းများဖောက်ထွင်း ခံရမှုအတွက်လူ ၁၀ ဦးခန့်ကိုခေါ် ယူစစ်ဆေးခဲ့ပြီး ကျူးလွန်သူကို ဖမ်းမိရေးအတွက် စစ်ဆေးဆောင်ရွက်နေသည်ဟု ရန်ကုန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဇွန် ၂၉ ရက်တွင်ပြော သည်။

၎င်းက  " ဆိုင်ဝန်ထမ်းအချို့နဲ့ ပတ်ဝန်းကျင်ကလူတွေအပါအဝင် ၁၀ ဦးလောက်   စစ်ဆေးမေးမြန်းပြီးပါပြီ၊ စီစီတီဗီမှတ်တမ်း ကနေ ကျူးလွန်သူရဲ့ပုံကိုလဲ   ရထားပါတယ်၊ အမြန်ဆုံးဖမ်းမိဖို့အတွက် ဆောင်ရွက် နေပါတယ်။ " ဟု  ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်ဇွန် ၂၇ ရက်နံနက် ၉ နာရီခန့်က ပုဇွန်တောင်မြို့ နယ် ၄၉ လမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေနန်းထိုက်ရွှေ ဆိုင်မှ ဝန်ထမ်းတစ်ဦးသည် ဆိုင်ဖွင့်ရန်ရောက်လာစဉ်တွင် ဆိုင်၏အနေအထား မှာခြေရာလက်ရာပျက်နေသဖြင့် ပိုင်ရှင်ဖြစ် သူ ဒေါ်မိုးသီတာ ထံသို့အကြောင်းကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်မိုးသီတာရောက်ရှိလာပြီး ဆိုင်ရှိပစ္စည်းများကိုစစ်ဆေးရာ ရွှေအလေးချိန် နှစ်ဆယ်ကျပ်သားခန့် တန်ဖိုးငွေကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ လက်ဝတ်ရတနာများခိုးယူခံရပြီး စီစီတီဗီမှတ်တမ်းများအရ ယင်းနေ့နံနက် ၃ နာရီခန့်ကလူတစ်ဦး လာရောက်ဖောက် ထွင်းခိုးယူသွားသည်ကို သိခဲ့ရသည်ဟု ပုဇွန်တောင်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦး ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပုဇွန်တောင်မြို့မရဲစခန်းက (ပ) ၁၄၀/၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရ မိရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly