နေအပြည့်ကြတ်ခြင်း အာရှနှင့် ပစိဖိတ်တွင် ကြံုတွေ့

နေအပြည့်ကြတ်ခြင်း အာရှနှင့် ပစိဖိတ်တွင် ကြံုတွေ့

ဂျကာတာ၊ မတ် ၉ ။             ။ အင်ဒိုနီးရှားနှင့် ပစိဖိတ်ဒေသရှိ သန်းပေါင်းများစွာသော ပြည်သူများသည် ဒေသတစ်ခုလုံး လုံးလုံး အမှောင်ဖုံးသွားသည့် နေအပြည့်ကြတ်မှုကို ကြုံတွေ့ခဲ့ကြသည်။

နေကြတ်မှုက ဂရင်းနစ်စံတော်ချိန် ၂၃း၁၉ နာရီတွင် ဖြစ်သည်။ နေရှေ့က လ တိုက်ရိုက်ဖြတ်သွားချိန် နေကြတ်မှုဖြစ်ပေါ်သည်။

လက လုံးလုံးနီးပါး နေရှေ့ကွယ်သွားခြင်းကြောင့် နေအလင်းရောင်ကို ပိတ်ဆီးလိုက်ပြီး နေ့က ညအဖြစ် အမှောင်ကျသွားခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘဲလီတန်ပြည်နယ်တွင် ကမ်းခြေတစ်ခု၌ စုရုံးရောက်နေကြသူများက နေကြတ်သည်ကို ကြည့်ရှုခဲ့ကြသည်။

ယခုနေကြတ်မှုသည် အင်ဒိုနီးရှားနှင့် ဗဟိုပစိဖိတ်တို့တွင် လုံးလုံးလျားလျား ဖြစ်ပေါ်ခြင်းဖြစ်ကာ သြစတြေးလျနှင့် အရှေ့အာရှတို့တွင်လည်း တစ်စိတ်တစ်ပိုင်း ကြုံတွေ့ခဲ့ကြသည်။

ဂရင်းနစ်စံတော်ချိန် ၀၀း၁၅ နာရီတွင် နေရှေ့ လစဖြတ်ကာ နေကြတ်မှု စတင်ဖြစ်ပေါ်ပြီး ၀၁း၅၉ နာရီတွင် ကမ္ဘာ့ပေါ် လရိပ် တော်တော်များများ ဖုံးလွှမ်းလာပြီး အမှောင်လွှမ်းခဲ့သည်။

အဆိုပါ နေကြတ်မှုက ဟာဝိုင်ယီမြောက်ပိုင်းတွင် ဂရင်းနစ်စံတော်ချိန် ၀၄း၃၄ နာရီ၌ ပြီးဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly