ဗြိတိန်ရှိ ၀န်ထမ်းများကို လာမည့် ၃ နှစ်အတွင်း တစ်ဦးလျှင် အပိုဆုကြေး ဒေါ်လာ ၁ သန်းထိပေးသွားရန် Facebook စီစဉ်

ဗြိတိန်ရှိ ၀န်ထမ်းများကို လာမည့် ၃ နှစ်အတွင်း တစ်ဦးလျှင် အပိုဆုကြေး ဒေါ်လာ ၁ သန်းထိပေးသွားရန် Facebook စီစဉ်

လန်ဒန်၊ မတ်၊ ၈ ။              ။ ကမ္ဘာကျော်လူမှုကွန်ယက်ကုမ္ပဏီ Facebook သည် ဗြိတိန်ရှိ၎င်း၏ ဝန်ထမ်းများကို လာမည့် ၃ နှစ်အတွင်း တစ်ဦးလျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၁ . ၁ သန်းအထိပေး သွားရန် စီစဉ်လျှက်ရှိသည်။

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးဆောင်ရမည့် အခွန်ပမာဏကို ခုနှိမ်နိုင်ရန်အတွက် Facebook တာဝန်ရှိသူများက ထိုကဲ့သို့ ဝန်ထမ်းများကို မြင့်မားသည့် အပိုဆုကြေးငွေများပေးအပ်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယခုအပိုဆုကြေးပေးမည့် အစီအစဉ်အရ Facebook က ၎င်း၏ဗြိတိန်ရုံးခွဲရှိဝန်ထမ်းများကို လာမည့် ၃ နှစ်အတွင်း ပေးမည့် အပိုဆုကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၉၆ သန်းအထိရှိမည် ဖြစ် သည်။

ဗြိတိန်ရှိကြော်ငြာရှင်များထံမှ ရသည့်ဝင်ငွေများကို မူလက ကုန်သွယ်လုပ်ငန်းခွန်နှုန်းထား သက်သာသည့် အိုင်ယာလန် နိုင်ငံဘက်မှ လမ်းကြောင်းလွှဲပေးဆောင်လျှက်ရှိသည့် ၎င်း၏ အခွန်ပေးဆောင်မှု ပုံစံကိုပြောင်းလဲသွားမည်ဖြစ်ပြီး အခွန်ပေးဆောင်မှုနှင့်ပတ်သတ်၍ ယခင်ကထက်ပိုမို၍ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမည်ဟုလည်း Facebook က ကြေညာထားသည်။

Facebook သည်တစ်နှစ်လျှင် အမြတ်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဘီလျံထိရရှိနေကြောင်း ထုတ်ပြန်ထား သော်လည်း ဗြိတိန်မှရသည့် အမြတ်ငွေကိုမူ သီးခြားထုတ်ပြန်ထားခြင်း မရှိသေးချေ။

သို့ရာတွင် မကြာသေးမီကထွက်ပေါ်ခဲ့သောအချက်အလက်များအရ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဌာနက Facebook ကို ပေးနေရသောကြော်ငြာခငွေမှာ Facebook က ဗြိတိန်အစိုးရသို့ပေးဆောင်နေသော အခွန်ငွေထက်များပြားနေကြောင်း တွေ့ရှိခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags