အမျိုးသမီးများ၏ အခန်းကဏ္ဍကို အလေးထားဆောင်ရွက်ပေးရန် လာမည့်အစိုးရသစ်ကို တိုက်တွန်း

အမျိုးသမီးများ၏ အခန်းကဏ္ဍကို အလေးထားဆောင်ရွက်ပေးရန် လာမည့်အစိုးရသစ်ကို တိုက်တွန်း

ရန်ကုန်၊ မတ် ၈ ။             ။ မြန်မာနိုင်ငံ၏ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ တန်းတူ ပါဝင်နိုင်ရန်နှင့် အမျိုးသမီး အခန်းကဏ္ဍကို အလေးထားဆောင်ရွက်ပေးရန်လာမည့် အစိုးရသစ်ကို မတ် ၈ ရက်နေ့တွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အေးချမ်းမြန်မာအင်စတီကျု့ (Gender and Development Institute-Myanmar)၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် သို့ချီတက်နိုင်ရန် ပြင်ဆင်နေသည့်အချိန်တွင် မကြာမီစတင် ဖွဲ့စည်းတော့မည့် အစိုးရအဖွဲ့သစ်တွင် တိုင်းရင်းသားလူမျိုးများအပါအဝင် အမျိုးသမီးများ ပါဝင်တာဝန်ယူမှု အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိနိုင်ရန်၊ ယခုအချိန်အထိ လျှော့ချထိန်းချုပ်နိုင်ခြင်းမရှိသေးသော သက်ငယ် မုဒိန်းမှုများကို လုံးဝပပျောက်နိုင်သည်အထိ နိုင်ငံတော်အစိုးရ အနေဖြင့် အထူး အလေးအနက်ထား ဆောင်ရွက်ပေးရန် အေးချမ်းမြန်မာအင်စတီကျု့ (Gender and Development Institute-Myanmar)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း အမျိုးသမီးများအားအကြမ်းဖက်မှုများမှ အကာအကွယ်ပေးရေး ဥပဒေကြမ်းကို အမြန်ဆုံးအတည်ပြု ပြဌာန်းနိုင်ရန်လည်း တောင်းဆိုထားသည်။

၂၀၁၆ ခုနှစ်အတွက် ကုလသမဂ္ဂမှ ချမှတ်ထားသော ဆောင်ပုဒ်ဖြစ်သည့် “Planet 50-50 by 2030: Step It Up for Gender Equality” နှင့်အညီ ၂၀၃၀ ပြည့်နှစ်အရောက်တွင် တိုင်းပြည်များ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် အမျိုးသမီးနှင့် အမျိုးသား အချိုးအဆညီတူညီမျှ ပါဝင်ဆောင်ရွက် နိုင်ရေး အတွက် ဦးတည်ရည်မှန်းချက်ထား ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း ထုတ်ပြန်ချက်တွင် နိုးဆော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly