မတ်လအကုန်တွင် ပြန်လည်ပွဲထွက်ခွင့်ရရန် မန်ယူအသင်းခေါင်းဆောင်ရွန်နီ ရည်မှန်း

မတ်လအကုန်တွင် ပြန်လည်ပွဲထွက်ခွင့်ရရန် မန်ယူအသင်းခေါင်းဆောင်ရွန်နီ ရည်မှန်း

မန်ချက်စတာ၊ မတ် ၈ ။           ။ ဒူးအရွတ်ဒဏ်ရာကြောင့် အနားယူနေရသည့် မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီသည် ယခုမတ်လအကုန်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပွဲထွက်ခွင့် ရရှိရန် ရည်မှန်းလျက်ရှိသည်။

ရွန်နီသည် ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ခဲ့ရသည့် ပွဲစဉ်တွင် ထိုဒူးဒဏ်ရာကို ရရှိခဲ့ဲခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက အနားယူနေရသူဖြစ်သည်။ ရွန်နီ ဒဏ်ရာရနေသည့်အတွက် မန်ယူအသင်းမှာ လူငယ်တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကို အသုံးပြုနေရသည်။

အသက် ၃၀ အရွယ်ရှိ ရွန်နီက ၎င်း၏ ဒူးဒဏ်ရာမှာ ခွဲစိတ်ကုသရန်မလိုသည့်အတွက် မကြာမီ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီး ကြံ့ခိုင်မှု ပြည့်ဝလာမည်ဟု ပြောသည်။

သို့သော် ရွန်နီသည် လီဗာပူးလ်အသင်းနှင့် ကစားရမည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် နှစ်ကျော့စလုံးကို လွဲချော်ရဦးမည်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းနှင့်ကစားရမည့် အက်ဖ်အေဖလား၊ မန်စီးတီးနှင့် မန်ချက်စတာဒါဘီပွဲစဉ်များကို လွဲချော်ဦးမည် ဖြစ်သည်။

ရွန်နီသည် ဧပြီလ ၃ ရက်နေ့တွင် အဲဗာတန်နှင့် ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြန်လည်ပွဲထွက်ခွင့်ရရန် မျှော်လင့်နေသည်။

မန်ယူအသင်းသည် လက်ရှိပရီးမီးယားလိဂ်တွင် ရမှတ် ၄၇ မှတ် ရရှိထားပြီး အဆင့်ခြောက်နေရာတွင် ရပ်တည်လျက်ရှိသည်။ အဆင့်လေးနေရာမှ မန်စီးတီးထက် တစ်ပွဲပိုကစားထားကာ သုံးမှတ်ကွာဟနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly