Disney ကုမ္ပဏီ၏ “Zootopia” အန်နီမေးရှင်း ကာတွန်းကား ပွဲဦးထွက်ပြသစဉ် အမေရိကန်ဒေါ်လာ ရ၃ ဒသမ ရ သန်း ရရှိ

Disney ကုမ္ပဏီ၏ “Zootopia” အန်နီမေးရှင်း ကာတွန်းကား ပွဲဦးထွက်ပြသစဉ် အမေရိကန်ဒေါ်လာ ရ၃ ဒသမ ရ သန်း ရရှိ

Disney ကုမ္ပဏီ၏ “Zootopia” အန်နီမေးရှင်း ကာတွန်းကားသည် သီတင်းပတ်ကုန်က အဖွင့် ပြသစဉ် အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၇ သန်းရရှိခဲ့ကာ မတ်လတွင်စတုတ္တမြောက် ဝင်ငွေအများဆုံး ရရှိသည့် ဇာတ်ကားအဖြစ် နေရာယူထားသည်။

အဆိုပါ အန်နီမေးရှင်း ကာတွန်းကားသည် ရဲတပ်ဖွဲ့အတွင်းသို့ ဝင်ရောက်လာသော  ယုန်တစ် ကောင်အကြောင်းကို ပုံဖော်ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပြီး Disney ကုမ္ပဏီ၏ အန်နီမေးရှင်း ကာတွန်းကားများ အဖွင့်ပြသစဉ် ဝင်ငွေအများဆုံး ရရှိသည့် ဇာတ်ကားအဖြစ် သတ်မှတ်ခံခဲ့ရသည်။

“Zootopia” ဇာတ်ကားသည် ၂၀၁၂ ခုနှစ်က လူကြိုက်များခဲ့သော “Frozen” ဇာတ်ကား အဖွင့်ပြသငွေကို ကျော်လွန်ခဲ့သည်။ “Frozen” ဇာတ်ကားသည် အဖွင့်ပြသစဉ် ဝင်ငွေ အမေရိကန် ဒေါ်လာ ၆၇ ဒသမ ၄ သန်း ရရှိခဲ့သည်။ ”Zootopia” ဇာတ်ကားသည် လာမည့်လအထိ  ရုပ်ရှင်ဝါ သနာအိုး ကလေးငယ်များကို ကြီးစိုးထားသော ဇာတ်ကားအဖြစ် ရပ်တည်နေမည် ဖြစ်သည်။

“Zootopia” အန်နီမေးရှင်း ဇာတ်ကားကို ယှဉ်ပြိုင်မယ့် ဇာတ်ကား မရှိသေးပါဘူး။ ကျွန်တော် တို့ အကြီးမားဆုံး အောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားမှာပါ” ဟု Disney ကုမ္ပဏီ ဖြန့်ချိရေး အကြီးအကဲ ဒေ့ဗ်ဟောလစ်က ပြောကြားခဲ့သည်။

Disney ကုမ္ပဏီသည် အသုံးစရိတ်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အန်နီမေးရှင်း ဇာတ်ကားအများစု ရိုက်ကူးရာတွင် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် ရှိသည်။ ” Zootopia” အန်နီမေးရှင်း ဇာတ်ကားကို ရုပ်ရှင်ရုံ ၃၈၂၇ ရုံတွင် ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags