ဒီချုပ်ကိုယ်စားလှယ်များ အဂတိလိုက်စားမှုထင်ရှားပါက ဥပဒေအတိုင်း တိတိကျကျဆောင်ရွက်မည်

ဒီချုပ်ကိုယ်စားလှယ်များ အဂတိလိုက်စားမှုထင်ရှားပါက ဥပဒေအတိုင်း တိတိကျကျဆောင်ရွက်မည်

ပုသိမ်၊ မတ် ၇ ။                ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များ အဂတိလိုက်စားမှုထင်ရှားသည့် အထောက်အထားတွေ့ပါက မည်သူကိုမှ မငဲ့ညှာဘဲ အဖွဲ့ချုပ်ဂုဏ်သိက္ခာအတွက်ဥပဒေကြောင်းနှင့် အညီ တိတိကျကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူကိုယ်စားလှယ်များတိုင်ကြားစာ စိစစ်ရေးတာဝန်ခံ ဒေါက်တာမျိုးညွန်မှ မဇ္ဈိမသို့ မတ် ၇ရက်နေ့တွင် ပြောသည်။

"ဘယ်လိုတိုင်ကြားမှုဖြစ်ဖြစ် စိစစ်ကြည့်ပါမယ်၊ဘယ်လောက်အထောက်အထားခိုင်လုံတယ်၊အဂတိလိုက်စားမှု၊ပါတီစည်းကမ်းဖောက်ဖျက်မှု၊ပြည်သူတွေငြိုငြင်မှု အဆင့်တွေကြည့်မှာပါ ၊ပြည်သူတွေငြိုငြင်မှုဆိုရင် ဆွေးနွေးညှိနှိုင်းမှုမျိုးနဲ့သွားပါမယ်၊ ပါတီ စည်းကမ်းဖောက်ဖျက်မှုဆိုရင် အကြီးအသေးအလိုက် ဆွေးနွေးသင့်ဆွေးနွေးမယ်၊ လိုအပ်ရင် ပါတီစည်းကမ်းထိန်းသိမ်းရေးက စနစ်တကျဆက်လက်ဆောင်ရွက်သွားပါမယ်ဟု ဒေါက်တာမျိုးညွန့်မှ ဆက်လက်ပြောသည်။

"ကိုယ်စားလှယ်တိုင်ကြားစာကို ပြည်သူတွေဖြစ်စေ ပါတီဝင်တွေဖြစ်စေ ဘယ်သူမဆိုအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ဆောင်ချက်က ပြည်သူတွေရဲ့ မျှော်လင့်ချင်နဲ့ မကိုက်ညီဘူး ချွတ်ယွင်းတယ်လို့ ယူဆရင်တိုင်ကြားလို့ရပါတယ် ဒါပေမယ့် တိုင်ကြားသူကတော့ မိမိရဲ့ အမည်၊လိပ်စာ ဆက်သွယ်ဖို့ ဖုန်းနဲပတ် ပါရပါမယ်။ကျွန်တော်တို့က စာနဲ့ရေးပြီးတိုင်ကြားမယ်ရင်တော့ လက်မှတ်ထိုးဖို့လိုပါမယ်။လက်မှတ်မထိုးထားတဲ့စာတွေကို တရားဝင်လုပ် ကိုင်ဆောင်ရွက်မှာ မဟုတ်ပါဘူး။ဖုန်းနဲ့တိုင်ကြားရင်လည်းမှတ်သား ထားပါမယ်။ ဒါပေမယ့် တိတိကျကျ မှတ်သားပြီးတော့ စာရွက်စာတမ်းနဲ့ ပေးဖို့တော့လိုပါတယ် "ဟု ဒေါက်တာမျိုးညွန့် ကပြောသည်။

၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူလွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတိတော်ကိုယ်စားလှယ်များနှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွင် ၈၀၀ကျော် ရွေးချယ်ခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly