တရုတ်ကျောက်မီးသွေးတွင်း တစ်ခုတွင် မတော်တဆမှုဖြစ်ပွား လူ ၁၂ ဦးသေ

တရုတ်ကျောက်မီးသွေးတွင်း တစ်ခုတွင် မတော်တဆမှုဖြစ်ပွား လူ ၁၂ ဦးသေ

ပေကျင်း၊ မတ် ၇ ။                ။ တရုတ်နိုင်ငံ ကျောက်မီးသွေးတွင်း တစ်ခုတွင် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးသေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက မတ် ၇ တွင် အစီရင်ခံသည်။

အမည်ဆိုးနှင့် ကျော်ကြားနေသော အန္တရာယ်ကြီးသည့် ယင်းလုပ်ငန်းတွင် နောက်ဆုံးမတော်တဆဖြစ်ရပ်တစ်ခုဖြစ်သည်။

အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် ပယ်စန်းရှိ ကျောက်မီးသွေးတွင်းတွင် ကျောက်မီးသွေးဓါတ်ငွေ့များ ယိုစိမ့်ပြည့်လျှံခဲ့ရာမှ တွင်းလုပ်သားများသေဆုံးခဲ့သည်ဟု နိုင်ငံပိုင်ရှင်ဟွာ သတင်းဋ္ဌာနက ဖော်ပြ ခဲ့သည်။

တစ်ဦးကိုသာ ကယ်တင်နိုင်ခဲ့ပြီး မတော်တဆဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ သေဆုံးသည့်မတော်တဆမှုများမှာ နိုင်ငံအဆင့်သတင်းကြီးများတွင် ပါဝင်နေလေ့ရှိသော်လည်း စက်မှုလုပ်ငန်းအန္တရာယ်ကင်းရှင်းရေးစံနှုန်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေဆဲဖြစ်သည်။

တရုတ်သည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေးအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ကျောက်မီးသွေးတင်းမတော်တဆမှုများကြောင့် ၂၀၁၄ခုနှစ်က လူ၉၃၁ဦးသေဆုံးခဲ့သည်ဟု တရားဝင်ထုတ်ပြန်ခဲ့သည်။

မတော်တဆသေဆုံးမှုများမှာ လျော့ကျလာပြီဟု အစိုးရက ပြောဆိုနေသော်လည်း အမှန်တကယ်သေသေဆုံးမှုများမှာ ထုတ်ပြန်သည်ထက် များစွာပိုများသည်ဟု လူ့အခွင့်အရေးအဖွဲ့အချို့က ပြောကြား လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly