ပြည်သူ့အကျိုးစီးပွားဖြစ်စေသော ကိစ္စရပ်များကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိဟု ဦးရွှေမန်းပြော

ပြည်သူ့အကျိုးစီးပွားဖြစ်စေသော ကိစ္စရပ်များကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိဟု ဦးရွှေမန်းပြော
ဓာတ်ပုံ - Thura U Shwe Mann

ရန်ကုန်၊မတ် ၇ ။           ။ ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့အကျိုးဖြစ်စေသော ကိစ္စရပ်များကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိသည်ဟု မတ် ၇ရက်နေ့ နံနက် ၉နာရီ အချိန်ခန့်က ကော်မရှင်အဆောက်အဦး (I-1)၌ ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သူရဦးရွှေမန်းက ပြောကြားသည်။

ယနေ့ကာလတွင် ပြည်သူများသည် စိတ်အေးချမ်းမှု၊ ဘဝလုံခြုံစိတ်ချမှုများနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အထူးလိုလားကြကြောင်း၊သို့ဖြစ်၍ စိတ်ကောင်းစေတနာထားရှိဖို့က ပထမ၊ ရိုးဖြောင့်ဖို့က အဓိက၊ မျှတစာနာစိတ်က ပဓာနဖြစ်ကြောင်း ၎င်းကဆိုသည်။

တာဝန်ရှိသူများ အမှားမပြုမိစေရန်အတွက် မပြောသင့်သည့် စကားကို မပြောသင့်သည့် အချိန်တွင် မပြောမိကြရန်နှင့်မလုပ်သင့်သည့် ကိစ္စကို မလုပ်သင့်သည့် အချိန်မှာမလုပ်မိကြရန်လိုကြောင်း၊  နှုတ်ကြောင့်သေလက်ကြောင့်ကြေတတ်သည်ဆိုသည့် မြန်မာစကားပုံကိုလည်း သတိမူကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်ကိုတကယ်ချစ်လျှင် ပြည်သူကို တကယ်စာနာ ညှာတာပါက တာဝန်ရှိသူဟုဆိုသူ အသီးသီးတို့က တိုင်းပြည်မျက်နှာ ၊ပြည်သူမျက်နှာ ကို ကြည့်ရန်လိုကြောင်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly