ချောက်မြို့ အနောက်တောင်ဘက်ကို ဗဟိုပြု၍ ငလျင်လှုပ်

ချောက်မြို့ အနောက်တောင်ဘက်ကို ဗဟိုပြု၍ ငလျင်လှုပ်

ရန်ကုန်၊မတ် ၇ ။            ။ ၂၀၁၆ ခုနှစ်၊ မတ် ၇ ရက်နေ့ မြန်မာစံတော်ချိန်  နံနက် ၉ နာရီ ၄၄ မိနစ် ၂၇ စက္ကန့်အချိန်တွင် ချောက်မြို့ အနောက်တောင်ဘက် ၁၁ မိုင်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း ငလျင်လှုပ် မန္တလေး မြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ယင်းငလျင် လှုပ်ခတ်ခြင်းကို ချောက်မြို့မှ သတိပြုမိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly