သြစတြေးလျနိုင်ငံက နိုင်ငံရေးသမားများကို Calabrian မာဖီးယားများက သြဇာလွှမ်းမိုးရေး စိမ့်ဝင်လျက်ရှိနေကြောင်း အေဘီစီ သတင်းဌာနက ထောက်လှမ်းဖော်ထုတ်ချက်အရသိရသည်။
ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်နိုင်ငံရေးသမားများသည် နိုင်ငံရေးထောက်ပံ့ရန်ပုံငွေရှာမှုများမှ လက်တစ်လုံးခြားလုပ်ကာ အကျင့်ပျက်ခြစားခြင်းများရှိနေနိုင်ကြောင်းလည်း ယင်းသတင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
သတင်းဌာန၏ နှစ်ကြာရှည်သတင်းရယူဖော်ထုတ်မှုကို ယုံကြည်ရသည့် ရဲအစီရင်ခံစာများအား ကိုးကားကာ ကာလရှည်ထောက် လှမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
Ndrangheta ဟုလည်း ခေါ်ကြသည့် Calabrian မာဖီးယားများသည် မူးယစ်ဆေးဝါးနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများမှ ယူရိုငွေ ဘီလီယံများစွာ ပိုင်ဆိုင်ထားကြသည်။
ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ရာဇဝတ်ဂိုဏ်းအုပ်စုလည်းဖြစ်ပြီး အီတလီနိုင်ငံမှတစ်ဆင့် ကမ္ဘာအနှံ့ပျံ့နှံ့ ချိတ်ဆက်မှုရှိထား သည့် လူဆိုးဂိုဏ်းကြီးဖြစ်သည်။
ယင်းမာဖီးယားဂိုဏ်းက သစ်သီဝလံများ ရောင်းချကုန်သွယ်ခြင်းကဲ့သို့သော တရားဝင်စီးပွားရေးလုပ်ငန်းများမှသည် မူးယစ်ဆေး ဝါးကဲ့သို့ တရားမဝင်လုပ်ငန်းများဖြင့်ပါ ငွေကြေးတောင့်တင်းခိုင်မာနေသော ဂိုဏ်းအဖွဲ့ဖြစ်ကြောင်း အေဘီစီ သတင်းဌာန တွင် ဖော်ပြထားသည်။
အေဘီစီသတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုတွင် အကြီးတန်းနိုင်ငံရေးသမားများနှင့် ရာဇဝတ်ဂိုဏ်းဝင်ဟု သိထားသော၊ သံသယရှိ ထားသောသူများကြား အဆက်အသွယ်ပြုလုပ်မှုများစွာကို ဖော်ထုတ်သိရှိခဲ့ခြင်းဖြစ်သည်။
မာဖီးယားအဖွဲ့မှ အတွင်းပိုင်ပုဂ္ဂိုလ်တစ်ဦးက ယခင်ဝန်ကြီးချုပ်ဟောင်း ဂျွန်ဟိုဝပ်နှင့် အခြားပါတီခေါင်းဆောင်များကြား ပါတီရန် ပုံငွေပွဲတွင် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။ သို့သော် ဟိုဝပ်က ယင်းတွေ့ဆုံခဲ့သည့် ပုဂ္ဂိုလ်မှာ မာဖီယားဂိုဏ်းအတွင်းလူဖြစ်မှန်း သိမသိကို မခန့်မှန်းနိုင်ကြောင်း ရေးသားဖော်ပြထားသည်။
Ref: BBC