ထီပေါက်တာချင်းတူပေမယ့် ကံကြမ္မာချင်း မိုးနဲ့မြေလို့ကွာခဲ့တဲ့ ညီအစ်ကို

ထီပေါက်တာချင်းတူပေမယ့် ကံကြမ္မာချင်း မိုးနဲ့မြေလို့ကွာခဲ့တဲ့ ညီအစ်ကို

ဟားရစ်ဘာ့ဂျ်၊ မတ်၊ ၆ ။         ။ အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာတော့ ဆန်းကြယ်လှတယ် လို့ ဆိုရမှာပါ။

ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ တစ်သက်မှာ ထီတစ်ခါပေါက်ဖို့တောင် မလွယ်လှပေမယ့် ဂျိမ်းစ်စတော့ ကယ်လ် နဲ့ သူ့ရဲ့ညီဖြစ်သူ ဘော့ တို့ကတော့ ညီအစ်ကိုနှစ်ယောက်လုံး ထီတစ်ပြိုင်တည်းပေါက်ခဲ့လို့ပါပဲ။

အသက် ၆၇ နှစ်အရွယ်တရားသူကြီးတစ်ဦးဖြစ်သူ စတော့ကယ်လ် နဲ့ သူ့ရဲ့ညီ ဘော့တို့ဟာ ဆိုင်တစ်ဆိုင်တည်းမှာ ထီအတူတူထိုးပြီး နှစ်ယောက်လုံး ဆုငွေတွေအသီးသီး ဆွတ်ခူးနိုင်ခဲ့ကြတာ  ဖြစ်ပါတယ်။

ဒါပေမဲ့ အစ်ကို နဲ့ ညီတို့ရဲ့ ကံကြံမ္မာချင်းကတော့ မိုးနဲ့မြေလိုပဲ ကွာခြားခဲ့ကြပါတယ်။ အစ်ကိုဖြစ်သူ စတော့ကယ်လ် က အထူးဆုကြီးအဖြစ် ဒေါ်လာ ၂၉၁ သန်း ဆွတ်ခူးနိုင်ခဲ့တဲ့အချိန်မှာ ညီဖြစ်သူဘော့ကတော့ ဆုငွေ ၇ ဒေါ်လာသာ ဆွတ်ခူး နိုင်ခဲ့ရှာပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly