အသရေဖျက်မှုနှင့် အဖျက်အမှောင့်လုပ်ရပ်များအတွက် ထင်ရှားကျော်ကြားသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူကို တရုတ်က ဖမ်းဆီး

အသရေဖျက်မှုနှင့် အဖျက်အမှောင့်လုပ်ရပ်များအတွက် ထင်ရှားကျော်ကြားသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူကို တရုတ်က ဖမ်းဆီး

ပေကျင်း၊ ဇွန်-၂၉ ။      ။ မှားယွင်းစီရင်မှုအတွက် ရုံးတော်က တရားဝင်တာဝန်ယူရန် အရေးဆိုသည့် ထင်ရှားကျော်ကြေားသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက တရုတ်အာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုထားသည်ဟု ၎င်း၏ရှေ့နေက ဇွန် ၂၉ ရက်နေ့က ပြောကြားခဲ့သည်။

အွန်လိုင်းလွတ်လပ်စွာပြောဆိုခွင့် ရပ်ခံအရေးဆိုသူ ၄၃နှစ်အရွယ်လူထွားကြီး ဝူကန်ကို ဆူပူစေမှု၊ အသားရေဖျက်မှုနှင့် နိုင်ငံတော် အာဏာကို နှောင့်ယှက်ဖျက်ဆီးရန် လှုံ့ဆော်မှုများဖြင့် တရားစွဲဆိုထားသည်ဟု ၎င်း၏ရှေ့နေ ယန် ဝင်ရှင်းက ပြောကြားခဲ့သည်။  

အွန်လိုင်းတွင် စူပါအမဲဖျက်သမားကြီးဟူသော နာမည်ဖြင့် လူသိများသည့် ဝူကို မေလက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

မေလအစောပိုင်းတွင် ရဲအရာရှိတစ်ယောက်က မြောက်ပိုင်း ဟေလုန်ကျန်းပြည်နယ်တွင် အရပ်သားတစ်ယောက်ကို အသေပစ် သတ်လိုက်ပြီးနောက်တွင် ဝူက အာဏာပိုင်များကို လူသိရှင်ကြားတာဝန်ယူရန် လူမှုကွန်ရက် Twitterပေါ်တွင် တိုက်တွန်းအရေး ဆိုခဲ့သည်။

ထိုရဲအရာရှိ၏ လုပ်ရပ်ကို အာဏာအလွဲသုံးစားမှုဟု မြင်ကြသောကြောင့် တရုတ်ပြည်သူများကြားတွင် ဒေါသအိုးပေါက်ကွဲ မှု ဖြစ်ပေါ်ခဲ့သည်။

တရုတ်နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း လူ့အခွင့်အရေး ရပ်ခံအရေးဆိုသူများကို အပြင်းထန်ဆုံး ဖြိုခွင်းနေသည့်ကာလဟု လူ့အခွင့်အရေးအုပ်စုများက ပြောဆိုနေချိန်တွင် ယခုကဲ့သို့ ဝူကို ဖမ်းဆီးမှု ပေါ်ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။

ယင်းကဲ့သို့ ဖိနှိပ်ဖြိုခွင်းမှုကို အနောက်ကမ္ဘာနှင့် တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့ကြပြီး၊ အာဏာရကွန်မြူနစ်ပါတီမှာ သဘော ထားကွဲလွဲမှုများကို တိုး၍ သည်းမခံနိုင်ဖြစ်လာနေသည်ဟု ပြောကြသည်။

အာဏာပိုင်များက ဝူကို စွဲဆိုသည့် စွဲချက်များ၏ သက်သေအထောက်အထားများကိုမူ ထုတ်ဖော်ပြသခြင်းမရှိခဲ့ဟု ရှေ့နေယန် က ပြောကြားသည်။ ''ဝူရဲ့ ဘယ်အပြုအမူကမှ အပြစ်ရှိတယ်လို့ မထင်မိဘူး''ဟု ယန်က ရိုက်တာသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

ပါတီအာဘော်သတင်းစာ People's Daily မှ ဝူကိုဝေဖန်ထားသည့် ဆောင်းပါးတစ်ပုဒ်တွင်မူ ယမန်လက ဝူ၏ လှုပ်ရှားမှုကို ကိုယ့်ကိုယ်ကို အထင်ကြီးမောက်မာလွန်းသည့် မလိုမုန်းထားမှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။

''ဝူကန်ဟာ ပိုပိုပြီး ရဲတင်းလာပြီး သူ့လုပ်ရပ်တွေဟာလည်း လွန်ကဲလွန်းလာတယ်။ ပုဂ္ဂိုလ်ရေး သိက္ခာချတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်လာသလို၊ မလိုမုန်းထားတဲ့ စွပ်စွဲမှုတွေလည်း လုပ်လာပြီး၊ သူ့ကိုယ်သူ ပါဖောမင့်အနုပညာတင်ဆက်သလိုတွေ လုပ်လာ တယ်''ဟု အဆိုပါသတင်းစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly