မအူပင် တိုးမြစ် ကမ်းပါးပြိုမှု ဆက်မဖြစ်ရန် သက်ဆိုင်ရာဌာနများ ပူးပေါင်း ထိန်းသိမ်းမည်

မအူပင် တိုးမြစ် ကမ်းပါးပြိုမှု ဆက်မဖြစ်ရန် သက်ဆိုင်ရာဌာနများ ပူးပေါင်း ထိန်းသိမ်းမည်

ပုသိမ်၊ မတ် ၄ ။ ။ မအူပင်မြို့၊ တိုးမြစ်ကမ်းပါး ပြိုကျမှု ဆက်လက်မဖြစ်ရန် ကမ်းပါးထိန်းသိမ်းမှုများကို သက်ဆိုင်ရာဌာနများက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းက မဇ္ဈိမသို့ ပြောသည်။

"မြစ်ကမ်းပြိုကျပြီး အက်ကြောင်းတွေရှိနေသေးတယ်။ ကိုယ်ထူကိုယ်ထ အုန်းတုံးတွေထည့်နေတယ်။ ဌာနတွေ လုပ်နိုင်တာတော့ပြောတယ်။ ဘက်ဂျက်မရှိလိုဘူးလို့လည်းပြောတယ်။ စိုးရိမ်းနေတာ ထပ်ပြိုမှာကို"ဟု ကမ်းပြိုကျမှုအနားနေထိုင်သူဒေါ်အေးမိုးမိုးမှ ဖြစ်စဉ်အားပြောသည်။

ကမ်းပြိုကျမှု့ကြောင့် ဝါးပွဲရုံတခုဆုံရှုံးခဲ့ပြီး၊ ကမ်းပြိုကျမှုကြောင့် ဆီစက်၊ မုန့်ဟင်းခါးတဖို၊ အဆောင်တဆောင် နှင့် ဝါးပွဲရုံတို့မှာ ကမ်း နှင့် ၃ပေသာ ကွာတော့သည်ဟုလည်း ဒေသခံများက ပြောသည်။

"သက်ဆိုင်ရာ ဌာနတွေနဲ့တွေပြီး ဘယ်လိုဆောင်ရွက်သင့်တာ အဖြေရှာရမှာပေါ့။ တိုးမြစ်ထဲမှာ သဲစုပ်စက်လှေတွေအများကြီးပဲ။ ကမ်းပြိုကျမှုတွေကိုတော့ လွှတ်တော်မှာဆွေးနွေးသွားမှာပါ။ မြစ်ကြောင်းတွေတိမ်ကောမသွားအောင်ဖို့ကော" ဟု မအူပင်မြို့နယ် အမှတ်၁ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဇော်မိုးက ပြောသည်။

မအူပင်မြို့၊ တိုးမြစ်ကမ်းပါးပြိုကျမှုများ ၂၀၁၅ခုနှစ်ကုန်ပိုင်းတွင်လည်း ဖြစ်ပွားခဲ့ပြီး နှစ်စဉ်ကမ်းပြိုကျမှုများရှိနေသည်။ တချိုကျေးရွာများတွင်လည်းပြိုကျကြောင်းသိရှိရသည်။

၂၀၁၅ခုနှစ်ကုန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၊ ညောင်တုန်းမြို့ နှင့် မအူပင်မြို့များတွင် ကမ်းပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly