Mizzima Job Opportunity

04 March 2016
Mizzima Job Opportunity

မဇ္ဈိမ ရုပ်သံထုတ်လုပ်ရေးဌာန (Mizzima TV) တွင်

တာဝန်ထမ်းဆောင်ရန် အမှန်တကယ် စိတ်ဝင်စားသော လူငယ်များ အလိုရှိနေပါသည်။

အလုပ်လျှောက်လိုသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီသူများဖြစ်ရမည်။

Video Cameraman (ကျား)

  • ဗွီဒီယိုရိုက်ကူးမှု အတွေ့အကြုံ ရှိရမည်။
  • Canon DSLR ကင်မရာများ၊ SONY ကင်မရာများနှင့် ရိုက်ကူးနိုင်ရမည်။
  • အသက် ၃၀ နှစ်ထက် မပိုရ။
  • အချိန်ပေးနိုင်ရမည်။ ခရီးသွားနိုင်ရမည်။
  • Adobe Premiere Pro အသုံးပြုနိုင်ရမည်။
  • ကွန်ပျူတာ၊ အင်တာနက် အသုံးပြုနိုင်ရမည်။
  • ရန်ကုန်တွင် အလုပ်လုပ်နိုင်သူများ ဖြစ်ရမည်။
  • ကင်မရာနှင့် ရိုက်ကူးမှု ဆက်စပ်ပစ္စည်းများအကြောင်း အတန်အသင့် နားလည်ရမည်။
  • ကင်မရာရိုက်ကူးမှုအတွက် အပင်ပန်းဒဏ် ခံနိုင်ရမည်။
  • ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

ဗွီဒီယို တည်းဖြတ် (ကျား/မ)

  • Adobe Premiere Pro, Aftereffect ကျွမ်းကျင်စွာအသုံးပြုနိုင်သော ဗွီဒီယိုတည်းဖြတ်သူ ဖြစ်ရပါမည်။
  • ဗွီဒီယိုတည်းဖြတ်မှုအတွက် အမှန်တကယ်ဝါသနာပါပြီး တီထွင်ဖန်တီးလိုသူ ဖြစ်ရပါမည်။
  • အတွေ့အကြုံရှိရပါမည်။
  • ကွန်ပျူတာအခြေခံနားလည်ပြီး စာစီစာရိုက် ပြုလုပ်နိုင်သူ ဖြစ်ရမည်။
  • ရန်ကုန်တွင် တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး၊ အချိန်ပေးနိုင်သူဖြစ်ရမည်။

(မှတ်ချက် - သတင်းထုတ်လုပ်မှု၊ မှတ်တမ်းရုပ်ရှင် နှင့် ဇာတ်လမ်းတို ဖန်တီးသည့် အတွေ့အကြုံ တခုခုတော့ ရှိရပါမည်။ အလုပ်လျှောက်လိုသူများသည် ဗွီဒီယိုတည်းဖြတ်မှု လက်တွေ့စစ်ဆေးပါမည်။)

အလုပ်လျှောက်လိုသူများသည် အီးမေးလ်လိပ်စာ [email protected] သို့ဖြစ်စေ၊

မဇ္ဈိမ ရုံးချုပ်သို့ဖြစ်စေ မတ်လ ၆ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများ ပေးပို့ရပါမည်။

Mizzima Media Yangon Head Office

Room Numbers 001, 003, 101 and 103, Lakekan Condo Tower, Upper Pazundaung Road, Ward 7, Pazundaung Township, Yangon, MYANMAR.

www.mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly