နာမည်ကျော် ဘောက်(စ)၀ဂွန်ကား မြန်မာပြည်စျေးကွက်ထဲဝင်ရောက်

နာမည်ကျော် ဘောက်(စ)၀ဂွန်ကား မြန်မာပြည်စျေးကွက်ထဲဝင်ရောက်

ဂျာမနီနိုင်ငံကဘောက်(စ)ဝဂွန် မော်တော်ကားသစ်တွေကို မြန်မာပြည်ဈေးကွက်ထဲတင်သွင်းဖို့ ရိုးမမဟာဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ ဘောက်(စ)ဝဂွန်ကုမ္ပဏီတို့ သဘောတူညီခဲ့ပါတယ်။ 

ဘောက်(စ)ဝဂွန်အနေနဲ့ ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ သူ့ရဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှင့်မှုကို အနည်းဆုံးဖြစ်တယ်ဆိုတဲ့ ညွှန်းဆိုမှုမှာ ဒီလိုမျိုးအညွှန်းဖော်ပြမှုကို နည်းပညာနဲ့ ပြင်ဆင်ထားတယ်ဆိုတဲ့ ထောက်ပြမှုတွေကြောင့် နိုင်ငံခြားကားဈေးကွက်ထဲကနေ ဘောက်(စ)ဝဂွန်ကားတွေကို ပြန်လည်ခေါ်ယူခဲ့တဲ့ဖြစ်ရပ်မျိုးတွေလည်းရှိခဲ့ပါတယ်။ 

ဘောက်(စ)ဝဂွန်ကား ၁၁ သန်းမှာလေထုညစ်ညမ်းမှုကိုနည်းပါးသယောင် ဆော့(ဖ)ဝဲတစ်မျိုးသုံးပြီးဈေးကွက်ထဲရောင်းချခဲ့တာကြောင့် အမေရိကန်မှာဆိုရင် ကားအစီးရေပေါင်းလေးသိန်းရှစ်သောင်းကျော်လောက်ကို ပြန်သိမ်းခဲ့ရတဲ့ အဖြစ်မျိုးတွေ ဖြစ်ခဲ့ပါတယ်။ 

တစ်ဆက်တည်းမှာပဲဘောက်(စ)ဝဂွန်ရဲ့ရှယ်ယာတွေလည်း ကျဆင်းခဲ့ပါတယ်။ 

အခုလည်း ဂျာမန်ဘောက်(စ)ဝဂွန်ကားအသစ်တွေကို မြန်မာပြည်ဈေးကွက်ထဲတင်ပို့တော့မှာပါ။ ဘယ်လိုဘောက်(စ)ဝဂွန်ကားတွေကို ပြည်တွင်းဈေးကွက်ကို တင်ပို့မှာလဲ။

"ကျွန်တော်တို့် ဒီဇယ်အင်ဂျင်ကားတွေကို မြန်မာပြည်ဈေးကွက်ထဲမှာမရောင်းပါဘူး၊ မြန်မာပြည်ဈေးကွက်အတွက်တော့ ဓာတ်ဆီအင်ဂျင်ကားတွေကိုရောင်းချမှာပါ၊ သူကသက်ရောက်မှုနည်းပါးပါတယ်။" လို့ ဘောက်(စ်)ဝဂွန်ကုမ္ပဏီရဲ့ ထိုင်ဝမ်၊ ဟောင်ကောင် နဲ့ အာရှဆိုင်ရာ အရောင်းအထွေထွေမန်နေဂျာ Axel Oberdiek က ပြောပါတယ်။ 

ဘောက်(စ)ဝဂွန်ကားသစ်တွေကို မြန်မာပြည်ဈေးကွက်ထဲတင်သွင်းဖို့ ရိုးမမဟာဦးပိုင်ကုမ္ပဏီနဲ့ ဂျာမနီဘောက်(စ)ဝဂွန်တို့ သဘောတူညီမှုရရှိပြီးချိန်မှာတော့ တစ်နှစ်ကိုကားအစီးရေး ၁၅၀ နဲ့ ၂၀၀ အတွင်းတင်သွင်းသွားဖို့ရှိနေပါတယ်။

ဈေးကွက်ထဲဘောက်(စ)ဝဂွန်ကားတွေရောက်လာရင်တော့ ရိုးမမဟာဦးပိုင်ကုမ္ပဏီလက်အောက်ခံ ရိုးမဂျာမန်မော်တာလီမိတက်က တရားဝင်ဖြန့်ချီသွားမှာဖြစ်ပါတယ်။သူတို့ကဘောက်(စ)ဝဂွန်ကို ၃ နှစ်အာမခံနဲ့ ရောင်းချသွားမှာပါ။

"ပြဿနာတစ်စုံတစ်ခု ဖြစ်ရင်တော့ ကျွန်တော်တို့ကအာမခံပေးမှာပါ။" လို့လည်း Yoma German Motors Limited ရဲ့ မန်နေးဂျင်းဒါရိုက်တာ Michael Rudenmarက ပြောပါတယ်။ 

ဘောက်(စ)ဝဂွန်ရဲ့ ဈေးကွက်ကဥရောပနဲ့ အမေရိကန်ဖြစ်ပါတယ်။ အခုလည်းဘောက်(စ)ဝဂွန်က အရှေ့တောင်အာရှကို ခြေဆန့်လာနေပါပြီ။

သူတို့ကဗီယက်နမ်မှာစက်ရုံဆောက်ပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံဈေးကွက်တွေကိုတင်ပို့ချင်နေကြတာပါ။
လောလောဆယ်တော့ မြန်မာနိုင်ငံမှာစက်ရုံတည်ဆောက်ဖို့ မဖြစ်နိုင်သေးပဲနောက်ထပ် ၁၅ နှစ်ရောက်ရင်တော့ ဖြစ်ရင်လည်း ဖြစ်နိုင်မယ်လို့ ဘောက်(စ)ဝဂွန်က ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags