ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသမီးချော ဂျန်နာရာသည် KBS ရုပ်သံ၏ I Remember You ဇာတ်ကားတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သော မင်းသား ဆောင်အင်ဂွတ်ခ်နှင့်အတူ ဓာတ်ပုံရိုက်ခဲ့သည်။
ဂျန်နာရာသည် အဆိုပါ ဓာတ်ပုံများကို ၎င်း၏ တွစ်တာအကောင့်တွင် တင်ခဲ့ကြောင်းနှင့် ဓာတ်ပုံအောက်တွင် “It’s Hyun!” ဟု စာသားကို ရေးသားထားသည်။
အဆိုပါ ဓာတ်ပုံနှစ်ပုံတွင် ဂျန်နာရာနှင့် ဆောင်အင်ဂွတ်ခ်တို့ကိုကြည့်ရတာ ရင်းနှီးနေပုံရကြောင်းနှင့် ယင်းက ဇာတ်ကားရိုက်ကူးပြီးနောက် တစ်ယောက်နှင့် တစ်ယောက်ပိုမို ရင်းနှီးမှု ရရှိလာခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ အံ့အားသင့်ဖွယ် ဖြစ်စေသည်။
ဂျန်နာရာနှင့် ဆောင်အင်ဂွတ်ခ်တို့သည် ပြုံးပျော်နေကြကြောင်းနှင့် I Remember You ဇာတ်ကားကို နေ့စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
REF : BBC