မောင်းသူမဲ့ ကားအိမ်မက် နီးကပ်လာနေပြီဖြစ်သည့် ကိုရီးယားကားလုပ်ငန်း

မောင်းသူမဲ့ ကားအိမ်မက် နီးကပ်လာနေပြီဖြစ်သည့် ကိုရီးယားကားလုပ်ငန်း

(ဆိုးလ်)။ ။ ကားမောင်းခြင်းကို နိစ္စဓူဝအလုပ်ဟု ထင်သူများအတွက်မူ မောင်းသူမဲ့ ကားမောင်းခြင်းဆိုသည်ကို အိပ်မက်လို့ပဲ ထင်စရာဖြစ်သည်။

သို့ရာတွင် မကြာသေးမီက ဂျာမန်ကားကုမ္ပဏီ Audi နှင့် နည်းပညာဘီလူးကြီး ဂူဂဲတို့၏ မိမိဖာသာမောင်းနှင်ကား (self-driving cars) တီထွင်ထုတ်လုပ်ရာမှာ အောင်မြင်မှုက မောင်းသူမဲ့ကားဆိုသည့် အနာဂတ်မှာ အိမ်တံခါးဝကို ရောက်နေလောက်အောင် နီးကပ်နေပြီဆိုတာကို ပြနေပြီး၊ ခရီးသည်အားလုံးးက စာဖတ်သူဖတ်၊ အိပ်သူအိပ်နဲ့ လုပ်ချင်ရာလုပ်နေချိန်တွင် သူတို့ရဲ့ကား ကတော့ မှတ်ဉာဏ်တုက လုပ်စဉ်ညွှန်းအတိုင်း လိုရာခရီးကို နှင်နေမှာပဲ ဖြစ်သည်။  

ရိုက်တာသတင်းတစ်ပုဒ်အရ ဂူဂဲက မကြာသေးမီက ၎င်း၏ မောင်းသူမဲ့ကားများကို ရိုးရိုးမောင်းသူပါကားတွေနဲ့ တစ်သား တည်း ရောနှောနိုင်စွမ်းကို စမ်းသပ်သည့်အနေဖြင့် ကယ်လီဖိုးနီးယား အမြန်လမ်းတွေပေါ် မောင်းနှင်စေခဲ့သည်ဟု ဆိုသည်။

လများ ဤစက်ရုပ်ကားများနှင့်ပတ်သက်သော အတွေ့အကြုံများ ရစေရန်အတွက် သတင်းနည်းပညာဘီလူးကြီးက (http://www.google.com/selfdrivingcar/) ဝဘ်ဆိုက်ကိုလည်း လွှင့်တင်ထားသည်။

‘အသက်အရွယ်အိုမင်းပြီး အမြင်ချွတ်ယွင်းနေတဲ့သူတွေလည်း သူတို့ရဲ့ လွတ်လပ်မှုကို စွန့်လွှတ်စရာမလိုတော့ဘူး။ ကားမောင်း ရင်း ကုန်သွားတဲ့အချိန်ကို တခြားလုပ်ချင်ရာလုပ်ဖို့ သုံးနိုင်ပြီ။ ယာဉ်မတော်တဆမှုကြောင့် ကမ္ဘာနဲ့အဝန်း တစ်နှစ်ကို လူပေါင်း ၁.၂သန်းကျော် သေဆုံးနေရာမှာ ၉၄ရာခိုင်နှုန်းက လူသားတွေရဲ့ အမှားကြောင့်ဖြစ်ရတာဆိုတော့ မောင်းသူမဲ့ကားတွေနဲ့ ဆိုရင် သေဆုံးမှုနှုန်းကိုလည်း လျှော့ချနိုင်ပြီ’’ဟု ကုမ္ပဏီက ဝဘ်ဆိုက်တွင် ရေးသားထားသည်။   

တကယ်တန်း နည်းပညာအရမူ ကားအလုပ်လုပ်ပုံကို စောင့်ကြည့်ရန် လူတစ်ဦး လိုအပ်နေသေးသောကြောင့် ဈေးကွက် အတွင်း ရောက်ရှိနေပြီးသားကားများအတွက် ကားကုမ္ပဏီများက မောင်းသူမဲ့မောင်းနှင်ခြင်းဟူသည့် အသုံးအနှုန်းအစား မိမိဖာသာ အလိုလျောက်မောင်းနှင်းကား (autonomous driving car) ဟု ခေါ်ဝေါ်ခြင်းက ပိုမိုဆီလျော်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly