ဖေဖေါ်ဝါရီလအတွက် ထုတ်ပြန်သော ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း ၁၅၄ ၌ရပ်တည်

ဖေဖေါ်ဝါရီလအတွက် ထုတ်ပြန်သော ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း ၁၅၄ ၌ရပ်တည်
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကိုရီးယားနှင့် မြန်မာတို့ယှဉ်ပြိုင်ကစားနေစဉ်။

မတ် ၄၊ ရန်ကုန် ။           ။ ၂၀၁၆ ဖေဖေါ်ဝါရီလအတွက် ထုတ်ပြန်သော ဖီဖာကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းမှာ အဆင့် ၁၅၄တွင်ရပ်တည်နေသည်။

မြန်မာအသင်းသည် ၂၀၁၆ ဇန်နဝါရီလနှင့် ဖေဖါ်ဝါရီလများတွင် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ကစားခဲ့ခြင်းမရှိပဲ ဇန်နဝါရီလထုတ်ပြန်ချက်တွင် အဆင့် ၁၅၃ ၌ ရပ်တည်ခဲ့သည်။

အာဆီယံဒေသတွင်းနိုင်ငံများတွင် ထိုင်းအသင်းက ဇန်နဝါရီလထက်အဆင့် ၂ဆင့်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁၁၈ တွင်ရပ်တည်နေသလို ဖိလစ်ပိုင်က ကမ္ဘာ့အဆင့် ၁၃၅၊ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၁၄၆တို့တွင်အသီးသီးရပ်တည်နေသည်။

အာရှဒေသအတွက် အဆင့်သတ်မှတ်ချက်တွင် အီရန်က အာရှအဆင့် ၁ နေရာတွင်ရပ်တည်နေပြီး ဂျပန်၊ ကိုရီးယားအသင်းများက အဆင့် ၂ နှင့် ၃ နေရာများတွင်အသီးသီးရပ်တည်နေသည်။

အာဆီယံဒေသတွင်းနိုင်ငံများအဆင့်ရပ်တည်မှုတွင် ထိုင်းက အဆင့် ၁၊ ဖိလစ်ပိုင်က အဆင့် ၂၊ ဗီယက်နမ်က အဆင့် ၃၊ စင်ကာပူက အဆင့် ၄၊ မြန်မာက အဆင့် ၅၊ မလေးရှားက အဆင့် ၆၊ တီမောက အဆင့် ၇၊ လာအိုက အဆင့် ၈၊ အင်ဒိုနီးရှားက အဆင့် ၉၊ ကမ္ဘောဒီးယားက အဆင့် ၁၀၊ ဘရူနိုင်းက အဆင့် ၁၁၊ နေရာများတွင်အသီးသီးရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly