ဂလက်စတန်ဘူရီ ဂီတပွဲတော်တွင် ဒလိုင်းလားမား ဟောပြော

ဂလက်စတန်ဘူရီ ဂီတပွဲတော်တွင် ဒလိုင်းလားမား ဟောပြော

ဂလက်စတန်ဘူရီ ဂီတပွဲတော်၏ Pyramid Stage သို့ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် အမေရိကန် အမျိုးသမီး အဆိုတော် ပက်တီစမစ်(သ်) Patti Smith တို့ တက်ရောက်ခဲ့ကြသည်။

ဂီတပွဲတော်တွင် လူအုပ်ကြီးက တိဘက် စိတ်ဓာတ်ရေးရာခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားအား သြဘာပေး ဂုဏ်ပြုခဲ့ကြကာ၊ ဒလိုင်းလားမားအတွက် “Happy Birthday” သီချင်းဆိုပေးခဲ့ကြသည်။ ဒလိုင်းလားမားမှာ ဇူလိုင်လ ၆ ရက်နေ့တွင် သက်တော် ၈၀ ပြည့်မည် ဖြစ်သည်။

ထို့နောက်တွင် ဒလိုင်းလားမားသည် “စိတ်ချမ်းသာ ပျော်ရွှင်မှု” အကြောင်းကို ဟောပြောခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် အရှိန်မြင့်တက်လျက်ရှိသော ပဋိပက္ခများနှင့် ပတ်သတ်၍လည်း ဒလိုင်းလားမားက ထည့်သွင်းမိန့်ကြားခဲ့သည်။ “လူတွေ တွေ့ကြုံနေရတဲ့ ပြဿနာ အများအပြားဟာ လူတွေကိုယ်တိုင် ဖန်တီးခဲ့တာတွေပါ။ လက်ရှိကာလမှာ ဆီးရီးယား၊ အီရတ်နဲ့ နိုင်ဂျီးရီးယားမှာ အကြမ်းဖက်မှုတွေကို ဖန်တီးနေကြပါတယ်” ဟု ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။

“ဘာသာရေး ယုံကြည်မှုကို အမည်တပ်ပြီး လူတွေဟာ အချင်းချင်း သတ်ဖြတ်နေကြပါတယ်။ တွေးကြည့်လို့ မရလောက်အောင်ပါပဲ။ မေတ္တာတရား၊ သည်းခံမှုနဲ့ ခွင့်လွှတ်မှုတွေကို ဖြန့်ဝေပြောကြားကြပါ” ဟု ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly