ဗြိတိန်နန်းတော်တွင် မင်းသားလီလျံနှင့် ကိတ်တို့နှင့်အတူ လက်ဖက်ရည်သောက်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်

ဗြိတိန်နန်းတော်တွင် မင်းသားလီလျံနှင့် ကိတ်တို့နှင့်အတူ လက်ဖက်ရည်သောက်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်

ကွန်တက်မြူးဇစ် (လော့စ်အိန်ဂျလိစ်၊ နယူးယော့ခ်)။ ။ ဟောလီးဝုဒ် အကျော်အမော် အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်တို့သည် ဇွန်၂၆ ရက်က ဗြိတိန်နိုင်ငံ Kensington နန်းတော်တွင် မင်းသားဝီလျံနှင့် ကိတ်မဒ်ဒယ်တန်တိုနှင့်အတူ လက်ဖက်ရည်သောက်ခဲ့ကြသည်။

အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်တို့ နှစ်ဦးအတူ လက်ဖက်ရည် အတူသောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မင်းသား ဝီလျံတို့ ဇနီးမောင်နှံသည် ယင်းကဲ့သို့ တွေ့ဆုံမှုများပြုလုပ်ရန် လပေါင်းများစွာကြာ အချိန်ယူခဲ့ရသည်။

“မင်းသားဝီလျံတို့ ဇနီးမောင်နှံဟာ ဘရက်ဒ်ပစ်နှင့် အိန်ဂျလီနာဂျိုလီတို့ကို ဇွန် ၂၆ ရက် နေ့လည်က Kensington နန်းတော်တွင် သီးသန့်တွေ့ဆုံခဲ့ပါတယ်” ဟု နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက US Weekly ကို ပြောကြားခဲ့သည်။

“မင်းသားဝီလျံတို့ ဇနီးမောင်နှံနှင့် ဂျိုလီတို့ ဇနီးမောင်နှံဟာ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု တိုက်ဖျက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဂျိုလီနှင့် ဘရက်ပ်ဒ်တို့သည် မင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်တန်တို့ မကြာမီက မွေးဖွားခဲ့သော မင်းသမီး ချာလော့တီအတွက် လက်ဆောင်ပေးခဲ့ကြကြောင်း အတွင်းလူတစ်ဦးက US Weekly ကို ပြောကြားသည်။

"ဘရက်ဒ်ပစ်နဲ့ ဂျိုလီတို့ဟာ မင်းသားဝီလျံတို့ ဇနီးမောင်နှံနှင့် တွေ့ဆုံရာတွင် မူလစီစဉ်ထားသည်ထက် အချိန်ပိုမို ကြာမြင့်ခဲ့ပါတယ်” ဟု သတင်းအရင်းမြစ် တစ်ခုက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly