အင်ဒိုနီးရှားတွင် ပြင်းအား ရ.၉ ရှိငလျင်လှုပ်၊ ဆူနာမီသတိပေးချက်ထုတ်ပြန်

အင်ဒိုနီးရှားတွင် ပြင်းအား ရ.၉ ရှိငလျင်လှုပ်၊ ဆူနာမီသတိပေးချက်ထုတ်ပြန်

ဂျကာတာ၊မတ်၊၂ ။ ။ အင်ဒိုနီးရှားနိုင်ငံ၊ဆူမတြားကျွန်း အနောက်ဘက် ကမ်းရိုးတန်းတွင် ပြင်းအား ၇.၉ အဆင့်ရှိငလျင်တစ်ခု ဗုဒ္ဓဟူးနေ့တွင် လှုပ်ခတ်သွားခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရသည်။

အနောက်ဆူမတြား၊မြောက်ဆူမတြားနှင့် အာဆက်ချ်ဒေသတို့တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် သေကြေဒဏ်ရာရမှု သတင်းပေးပို့ချက် တစ်စုံတစ်ရာ မရရှိသေးချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly