မလေးရှားတွင် အိုဗာစတေးဖြစ်နေသူများ တရားဝင် လုပ်သားအဖြစ် လျောက်နိုင်ပြီ

မလေးရှားတွင် အိုဗာစတေးဖြစ်နေသူများ တရားဝင် လုပ်သားအဖြစ် လျောက်နိုင်ပြီ
(ဓာတ်ပုံ-အီးပီအေ)

မလေးရှားတွင် တရားဝင်သွားရောက်ရာမှ အကြောင်းအမျိုးမျိုးကြောင့် အိုဗာစတေးဖြစ်သွားသူများကို တရားဝင်အလုပ်သမားပြန်ဖြစ်ရန် မလေးအစိုးရက ဆောင်ရွက်ပေးနေပြီဟု ဘီဘီစီ သတင်းတစ်ရပ်က ဖော်ပြထားသည်။

ယင်းအစီအစဉ်မှာ အလုပ်သမား နှစ်မျိုး နှစ်စားခွဲထားပြီး မလေးလုပ်ငန်းရှင်က ဆင့်ခေါ်မှုကြောင့် အလုပ်လာလုပ်ပြီး ထိုလုပ်ငန်းခွင်မှ အခြားလုပ်ငန်းခွင်ကို ပြောင်းရွှေ့သွားရာမှ တရားမဝင်   ဖြစ်သွားသူတွေကို ယခုအစီအစဉ်က ခွင့်ပြုပေးမည်ဟု သိရသည်။ အခြားတစ်နည်းကတော့ လက်ရှိ လုပ်ငန်းခွင်အတွင်း အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့သည့် ၆လအတွင်း အိုဗာစတေး ဖြစ်သွားသူများကိုလည်း ယခုအစီအစဉ်က အကျုံးဝင်မည်ဖြစ်သည်။

ယခုအစီအစဉ်တွင် တရားဝင်လုပ်သားအဖြစ် ပြန်လည်လျောက်ထားသူသည် မလေးရှားနိုင်ငံတွင် ရာဇဝတ်မှု ကျူးလွန်ဖူးသည့် အမည်ပျက်စာရင်းဝင် မဟုတ်သူ၊ မလေးရှား ဥပဒေကို   လေးစားလိုက်နာသူ  ဖြစ်ရမည်ဟု သိရသည်။ သို့သော် အိမ်ဖော်လုပ်ငန်း လုပ်ကိုင်သူများအတွက်မူ ယခုအစီအစဉ်က အကျုံးမဝင်ပေ။

မလေးရှားရှိ အိုဗာစတေးများကို တရားဝင် ပြန်ဖြစ်ရေး အစီအစဉ်အတွက် ဒဏ်ကြေး၊ အလုပ်လုပ်ခွင့် လက်မှတ်ဖိုး၊ ဆေးစစ်ခများ အပါအဝင် ကုန်ကျစရိတ်အတွက် တရားဝင် သတ်မှတ်ငွေ မလေးငွေ ၄၀၀၀ ကျော် ကျသင့်မည်ဖြစ်သော်လည်း ပြင်ပတွင် ပွဲစားကြေး ပါမည်ဆိုပါက မလေးငွေ ၆၀၀၀ခန့် ကုန်ကျမည်ဟု ဘီဘီစီ သတင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly