ဘန်ကောက်၊ ဇွန် ၂၉ ။ ။ ထိုင်းနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် မားစ်ကူးစက်ခံထားရသူ အိုမန်အမျိုးသားမှာ ကြောက်မက် ဖွယ်ဗိုင်းရပ်ကင်းစင်သွားပြီဟု ထိုင်းကျန်းမာရေးဝန်ကြီးဋ္ဌာနက ဇွန် ၂၉ တွင်ကြေညာခဲ့သည်။
အသက် ၇၅ နှစ်အရွယ် အဆိုပါအမျိုးသားသည် နှလုံးရောဂါအတွက် ဘန်ကောက်သို့ ဆေးလာကုရာမှ ၎င်းတွင် မားစ်ဗိုင်းရပ် ကူးစက်ခံထားမှန်းတွေ့ရှိခဲ့သည်။ သို့သော်လည်း လောလောဆယ်တွင် ၎င်းအားသီးခြားခွဲထားကာ စောင့်ကြည့်နေဆဲဖြစ်သည်။
"နောက်ဆုံးစမ်းသပ်ချက်ရလဒ်တွေအရ လူနာမှာ ကျွန်တော်တို့ ဗိုင်းရပ်မတွေ့ပါဘူး"ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာ အတွင်း ဝန်မစ္စတာဆူရာချက်ဆာတစ်ရာမိုင်က ရိုက်တာသို့ပြောကြားခဲ့သည်။ "သူ့ရဲ့အခြေအနေက အများကြီးပိုကောင်းနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့တခြားကျန်းမာရေးအခြေအနေတွေက သူ့ရဲ့ပြန်လည်ကောင်းမွန်လာမှုအပေါ် သက်ရောက်မှုရှိမရှိ စောင့်ကြည့်ဖို့တော့ လိုပါသေးတယ်"ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
၎င်းအမျိုးသားနှင့်အတူ ထိုင်းနိုင်ငံသို့လိုက်ပါခဲ့သည့် ဆွေမျိုးသုံးဦးမှာလည်း ဗိုင်းရပ်ကင်းရှင်းသည်ဟု ၎င်းကဆိုသည်။
သို့သော်လည်း ထိုင်းကျန်းမာရေးဝန်ကြီးဋ္ဌာနသည် အဆိုပါအမျိုးသားနှင့် ထိတွေ့မှုရှိခဲ့သူ ၃၆ ဦးကို စောင့်ကြည့်နေဆဲဖြစ်သည်။
ထိုင်းနိုင်ငံသည် ပထမဆုံးမားစ်လူနာတွေ့ရှိကြောင်း ယခုလအစောပိုင်းက အတည်ပြုခဲ့ပြီး ယခုနှစ်အတွင်း မားစ်ဗိုင်းရပ်ကူးစက် မှုတွေ့ရှိသည့် စတုတ္ထမြောက်အာရှနိုင်ငံဖြစ်လာခဲ့သည်။