နာဂျစ်၏ ဘဏ်စာရင်းထဲသို့ လွှဲပြောင်းထားသောငွေမှာ ဒေါ်လာ သန်းတစ်ထောင်ကျော် အထိရှိ

နာဂျစ်၏ ဘဏ်စာရင်းထဲသို့ လွှဲပြောင်းထားသောငွေမှာ ဒေါ်လာ သန်းတစ်ထောင်ကျော် အထိရှိ

ကွာလာလမ်ပူ၊ မတ် ၁ ။          ။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဘဏ်စာရင်းထဲသို့ ရောက်ရှိခဲ့သည့် ငွေပမာဏမှာ ယခင်က နိုင်ငံပိုင်ဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB ကိုစုံစမ်းရာမှ ဖော်ထုတ်သိရှိခဲ့သော ပမာဏထက် ဒေါ်လာသန်းရာပေါင်းများစွာ ပိုများနေသည်ဟု ဝေါလ်စထရိဂျာနယ်က ဖေဖော်ဝါရီ ၂၉တွင် အစီရင်ခံသည်။

နာဂျစ်၏ ဘဏ်စာရင်းထဲသို့ ငွေများစီးဝင်မှုနှင့် ရင်းနှီးကာ အမည်မဖော်သော လူနှစ်ဦးနှင့် ပင်လယ်ရပ်ခြားစုံစမ်းစစ်ဆေးမှုတစ်ခုနှင့် နီးစပ်သော လူတစ်ဦးတို့၏ ပြောကြားချက်ကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်သည် ၂၀၁၁မှ ၂၀၁၃အတွင်း နာဂျစ်၏ဘဏ်စာရင်းထဲသို့ ရောက်ရှိခဲ့ပြီး အစောပိုင်းက ဖော်ထုတ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၆၈၁သန်းထက် များစွာပိုများခဲ့သည်။ 1MDB သည် အမေရိကန် တစ်ဘီလျံအနက်အများအပြားနှင့် စတင်ခဲ့ပြီး ငွေပိုများမည်သည့်နေရာမှရ၍ မည်သို့ဖြစ်သည်ကို တိကျစွာ ဖော်ပြခြင်းမရှိဟု အစီရင်ခံစာ ကဆိုသည်။

အစီရင်ခံစာသည် မကြာသေးခင်က နိုင်ငံ၏ ဥပဒေအရာရှိချုပ်၏ သုံးသပ်ချက်နှင့် ဆန့်ကျင်နေသည်။ နာဂျစ်၏ စာရင်းထဲသို့ ရောက်ရှိခဲ့သော အမေရိကန်ဒေါ်လာ ၆၈၁ သန်းမှာ ဆော်ဒီအာရေဘီးယားနိုင်ငံ တော်ဝင်မိသားစုဝင်တစ်ဦးက ပေးသော လက်ဆောင်ဖြစ်ပြီး အများစုကို ပြန်ပေးပြီးဖြစ်သည်ဟု ရှေ့နေချုပ်က ပြောကာ နာဂျစ်မှာ ခြစားမှုသို့မဟုတ် ပြစ်မှုတစ်ခုခုမျှပြုလုပ်ထားခြင်းမရှိဟု ဇန်နဝါရီက ပြောခဲ့သည်။

ဝန်ကြီးချုပ်ရုံးသို့ ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ခြင်းသုံးသပ်ချက်မပေးခဲ့ပေ။ နာဂျစ်သည် အကြွေးများစွာပိနေသော 1MDB အပေါ်ဘဏ္ဍာရေးစီမံခန့်ခွဲမှုမှားယွင်းမှု၊ ခြစားမှုတို့ ပြုလုပ်သည်ဟု လများစွာ စွပ်စွဲခံနေရသည်။ အထူးသဖြင့် ၎င်း၏ဘဏ်စာရင်းထဲသို့ ၂၀၁၃က ငွေများရောက်ရှိနေမှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly